Lasho News

Lasho News

လားရှိုးမြို့ ရမခဌာနချုပ်ကိုသိမ်းပြီးကြောင်း အလံဝှေ့ရမ်းပြ၊ လက်ကျန်နေရာအချို့နှင့်ထွက်ပြေးနေ သော စစ်သားများကို လိုက်လံရှင်း (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း MNDAA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ဇူလိုင်လ ၂ ရက်နေ့မှစ၍ လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီခန့်တွင် လားရှိုးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့‌ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်ကို လုံးဝ သိမ်းပိုက်နိုင်ခြင်းခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့တွင်းရှိ စခန်း ငယ်အချို့နှင့် ထွက်ပြေးနေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိပြီး ပစ်ခတ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

https://youtu.be/UapYycsZU8k

“လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်- ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ် ဌာန ချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင် အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA က ကြေညာထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း ၊ မိုင်းများဖြင့် တိုက် ခိုက်ခဲ့ရာ...