လားရှိုးမြို့တပ်မတော်ဆေးရုံကို စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့က တိုက်ခိုက်မှုမရှိ၊ MNDAA က ဆရာဝန်များ၊ လူနာ များကို ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့ဟု တပ်မတော်ဆရာဝန်က ဝန်ခံထွက်ဆို (ရုပ်သံ)
D Day News
ဩဂုတ်လ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် ၉ ကုတင် ၁၀၀ တပ်မတော်ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့ ဝင်များက တိုက်ခိုက်မှုမရှိခဲ့ပဲ ဒဏ်ရာရ စစ်သားများ၊ မိသားစုဝင်များ၊ ဆရာဝန်သူနာပြုများအားလုံး ကို ဘေးကင်းရှာသို့ ကောင်းမွန်စွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း တပ်မတော် အရိုးအထူးကု ပါရဂူ ဆရာ ဝန်က ဝန်ခံထွက်ဆိုထားသည်။
အဆိုပါ အရိုးအထူးက ဆရာဝန်သည် လားရှိုးမြို့ အမှတ် ၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံတွင် စစ်ပွဲကာလ နောက်ဆုံးချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များ ဝင် ရောက်လာချိန်တွင်မည်သည့် လက်နက်မှ ပစ်ခတ်ခြင်းမရှိခဲ့ပဲ ဘေးလွတ်ရာနေရာသို့ ဆရာဝန်များ၊ ဒဏ်ရာရ စစ်သားများနှင့် မိသားစုဝင်များကို ကောင်းမွန်စွာ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
https://youtu.be/BvwXs0PaK_Y
“ဩဂုတ်လ ၃ ရက်နေ့ မတိုင်ခင်မှာလဲ တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပေမယ့် ဆေးရုံကို ထိခိုက်မှုမရှိခဲ့ပါဘူး။ ဆေရုံမှာ ဒဏ်ရာရလူနာတွေမရှိခဲ့ပါဘူး။ ဆေးရုံပရဝုဏ်အတွင်းမှာပေါ့။ ၃ ရက်နေ့မှာတော့ ကျနော်တို့ ခွဲစိတ်ဆောင်ရွက်တဲ့အခြမ်းမှာ ဗုံးတစ်လုံး ကျရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒဏ်ရာရပြီးသားသူတွေအပါအဝင် မှီခိုသူမိသားစုဝင်သားသမီးတွေအကုန်လုံး လန့် ဖြတ်ပြီးတော့ ဝရုန်းသုန်း ကားဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာလည်း ဒီဆေးရုံအတွင်းမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေက နောက်ဆုံးချိန်အထိကို လူနာတွေကို ဆက်လက်ကုသမှုပေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကလည်း ဒီဆေးရုံကို အကာအကွယ်ရ အောင်ဆိုပြီး ကြက်ခြေနီတံဆိပ်တွေ ၊ လေ ကြောင်း တိုက်ခိုက်မှုတွေ မလုပ်ဖို့ အများကြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ၃ ရက် နေ့မှာတော့ တိုက်ခိုက်ခံခဲ့ရပါတယ်၊” အရိုးအထူးကုပါရဂူဆရာဝန်က ပြောကြားသည်။
ဩဂုတ်လ ၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမှတ် ၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံထဲကို MNDAA တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း၊ သို့သော်လည်း ပစ်ခတ်မှုမရှိပဲ ဆရာဝန်များ၊ သူနာပြုများ၊ ဒဏ်ရာရ စစ်သားများနှင့်မိသားစုဝင်များကို စစ်ဘေးလွတ်ရာသို့ ထမ်းသယ်ထုတ်ပြီး နီးစပ်လုံခြုံရာ နေရာတစ်မှ တဆင့် ကားများဖြင့် ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညနေ ၅ နာရီခွဲလောက်မှာ ဆေးရုံအတွင်းထဲကို MNDAA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ကျနော် တို့ကိုတွေ့ရှိခဲ့တဲ့နောက်မှာ ပစ်ခတ်မှုမလုပ်ပါဘူး ။ ကျနော်တို့ ဆရာ ဝန်သူနာပြုတွေနဲ့အတူ ဒီဆေးရုံထဲမှာ ရှိတဲ့ လူနာတွေကို ဒီတပ်ဖွဲ့ဝင်တွေကပဲ သေချာခေါ်ထုတ်ကြ တာပါ၊ ကျနော်ကိုယ် တိုင်လည်း လူနာတွေကို ထမ်းခေါ်ခဲ့ရတာရှိပါတယ်။ ခေါ်ထုတ်ပြီးတော့မှ သက်ဆိုင်ရာ ကားတွေနဲ့ လူနာတွေကို ဦးစားပေးပြီး ကားတွေနဲ့သယ်ပါတယ်၊ အဲဒီနောက် မိသားစု တွေ၊ ဆရာဝန်တွေ၊ ဝန် ထမ်းတွေကို ကားတွေနဲ့ သယ်ပြီးတော့မှ နီးစပ်ရာဌာနတစ်ခုမှာ ထားရှိပါတယ်။ အဲဒီမှာကျနော်တို့ ဆေးဝန်ထမ်းတွေကိုလည်း သေသေချာချာ ထားရှိပါတယ်။ လူနာတွေကိုလည်း သီးသန့်ထား ရှိပါ တယ်၊ အဲဒီထဲမှာမှ အရေးကြီးတဲ့ အသက်အန္တရာယ်အရေးကြီးတဲ့လူနာတွေဆိုရင် ဦးစားပေးပြီး တော့ ရွှေ့ပြောင်းမှုလုပ်ပေးပါတယ်။” အရိုးအထူးကပါရဂူက ပြောဆိုသည်။
လုံခြံစိတ်ချရသည့် နေရာသို့ ရောက်ရှိချိန်တွင် လူနာများအတွက် လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးသည့်အပြင် အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင်များကိုလည်း ထောက် ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
“ကျနော်ဆရာဝန်တစ်ယောက်ပါ၊ ကျနော့်အတွက်အရေးကြီးဆုံးကတော့ လူနာတွေရဲ့ အသက်ရှင် ကျန်းမာရေး ဟာ အရေးကြီးဆုံးပါပဲ၊ ဘယ်နေရာ ရောက်ရောက်ပေါ့။ အဲလိုကာလကြီးတစ်မှာ တောင်မှာ ကျနော်တို့ရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သားတွေကို သနာညှာတာထောက်ထားပေးခဲ တဲ့အတွက် ဒါကကျနော်မမျှော်လင့်ခဲ့တဲ့အရာတစ်ခုပေါ့ ၊ ဒီMNDAA တပ်မတော်ကို အရမ်းကျေးဇူး တင်ပါတယ်။” ဟု အဆိုပါ အရိုးအထူးပါရဂူ ဆရာဝန်က ပြောကြားသည်။
D Day News