Lasho News

Lasho News

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်- ရမခ တိုင်းမှူးအဆင့် အရာရှိကြီးများ ဖမ်းဆီးခံရဟု အကြမ်းဖက်စစ်တပ် ပြန်ကြားရေးဇော်မင်းထွန်း ဝန်ခံ

 

D Day News

ဩဂုတ်လ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် -ရမခ တိုင်းမှူး အဆင့်အရာရှိကြီးများ ဖမ်းဆီးခံရမှုရှိကြောင်း အကြမ်းဖက်စစ်တပ် ပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက ဝန်ခံပြောကြားသည်။

 

ဇူလိုင်လ ၃ ရက်နေ့ကစတင်၍ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်ခံခဲ့ရကြောင်း၊ တိုင်း စစ်ဌာချုပ်အတွင်း၌ အကြမ်းဖက်စစ်တပ် မိသားစုဝင်များ၊ ကလေးငယ်များအပါအဝင်ရှိနေပြီး အချို့ သောစစ်သာားများ၏ ဇနီးများက စစ်သားများနှင့်အတူခုခံတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆေးရုံလည်း တိုက်ခိုက်ခံရပြီး စစ်သားများ သေဆုံးမှုရှိကာ ဒဏ်ရာရလူများကိုလည်း ဖမ်းဆီးသွားကြောင်း အ ကြမ်းဖက်စစ်တပ်ပြန်ကြားရေး ခေါင်းဆောင်ဇော်မင်းထွန်းက ပြောကြားသည်။

 

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဩဂုတ် ၃ ရက် ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခု အချိန်အထိဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင် ရေးကွက်ကဲမှု ဌာနချုပ် -၁ ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ ကို MNDAA တပ်ဖွဲ့က လက်ရဖမ်းဆီးရရှိခဲ့ပြီး ရမလ တိုင်းမှူးအသစ်ဖြစ်သူ ဗိုလ်ချုပ် စိုးလှိုင်မှာလည်း မူဆယ်မြို့မှ တဆင့်ထွက်ပြေးသွားကြောင်း သိရသည်။

 

သိမ်းပိုက်ခံရသော အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – ရမခ သည် စစ်တပ်လက်အောက်ရှိ စစ် တိုင်း ၁၄ ခုအနက် တတိယမြောက်အကြီးဆုံး စစ်တိုင်းတခု ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...