Kyun Su Township News

Kyun Su Township News

ကျွန်းစုမြို့နယ်၊ မြစ်ကြောင်းအတွင်း စစ်တပ် စက်လှေ၊ သင်္ဘောတို့ဖြင့် ၂ ရက် ဆက်တိုက်တိုက်ပွဲဖြစ်

 

  • တနင်္သာရီတိုင်းအတွင်း၌ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း PDF ၊ ပကဖ ၁၁၈ ဦးကျဆုံး

 

D Day News

မေလ ၂၆

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ် စက်လှေ၊ သင်္ဘောတို့ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု မန်းကြီးမြစ်တွင် အကြမ်း ဖက် စစ်ကောင်စီ‌ ရေတပ်နှင့်ပျူပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည်ဟု သတင်းရသဖြင့် သွား ရောက်စုံစမ်းရာ မန်းကြီးမြစ်ဂလစ်ဝ အနီး အသင့်စောင့်ဆိုင်းနေသော ပျူ ဖိနပ်လှေငယ် ၃ စီး ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲမိနစ်အငယ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပျူများထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ရှော်တောမော်ကျေးရွာအနီးရှိ အကြမ်းဖက်စစ် ကောင်စီ၏ ရေတပ် စစ်သင်္ဘော 116 ကို လက်နက်ကြီးဖြင့် တစ်ချက်ပစ်ခတ်ပြီး လက်နက်ငယ်များ ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် တနင်္သာရီကာကွယ်ရေး ပြောက်ကျား(တနင်္သာရီ-ပကဖ) ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် နွေဦးတော်လှန်ရေးကာလ ၃ နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် – PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် – ပကဖ ရဲဘော် ကျဆုံးသူ ၁၁၈ ဦးရှိကြောင်း၊ ယင်းအရေအတွက်သည် PDF စတင်တည်ထောင်သည့် ၂၀၂၁ မေလ ၅ ရက်နေ့၊ ပကဖ တည်ထောင်သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့နောက်ပိုင်း ကျဆုံးစာရင်း ဖြစ်ကြောင်း သိရသည်။

 

PDF နှင့် ပကဖ မတည်ထောင်ခင် ကျဆုံးခဲ့သည့် ရဲဘော်စာရင်း၊ မဟာမိတ်ရဲဘော်တို့နှင့် မိမိတို့ ကွပ် ကဲမှုအောက်၌ မပါဝင်သော ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့တို့၏ ကျဆုံးရဲဘော်စာရင်း မပါဝင် သေးကြောင်း တနင်္သာရီတိုင်း စစ်ဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

တိုင်းတွင်း PDF ကျဆုံးစာရင်း ထုတ်ပြန်ပြီးနောက်ပိုင်းမေလ ၂၀ ရက်နေ့ကလည်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရာမမွန်တပ်တော် - RMA ကထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က အင်အား ၁၀၀...