Kyun Su News

Kyun Su News

ကျွန်းစုမြို့နယ်တွင် တပ်သားစုဆောင်းနေသော ပျူခေါင်းဆောင်းကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန် အ လှန်ပစ်ခတ်မှုဖြစ်ပြီး ပျူခေါင်းဆောင်ပါ ၂ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၀

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးကျေးရွာတွင် ပျူ တပ် သားသစ်စုဆောင်းနေသော ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူခေါင်းဆောင် နော်မေးပါ ၂ ဦးသေဆုံးသွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်က ကျွန်းစုမြို့နယ် တောပြားကြီးကျေးရွာအုပ်စု၊ မင်း ခေါင်းဆေးကျေးရွာတွင် ပျူစောထီးတပ်သားသစ်ခေါ်ယူစုဆောင်းနေပြီး သင်တန်းများလည်းပေးပို့ နေကြောင်း သတင်းအရ ပျူစောထီးများကို သွားရောက်ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နော်မေးနှင့် ပျူစောထီးကြယ်စင်အောင်တို့ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင်အနေဖြင့် ကျေးရွာများအတွင်းနေပြည်သူများကို တပ်သားသစ်စု ဆောင်းခြင်းမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် သွားရောက်ဖမ်းဆီးရခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...