Kyun Su News

Kyun Su News

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတို့၌ အထိုင်ချထားသော စစ်တပ်စခန်းများကို ထိုးစစ် ဆင် တိုက်ခိုက်မှု ပျူစောထီးခေါင်းဆောင်အပါအဝင် ၄ ဦးသေဆုံး

 

D Day News

မတ်လ ၂၉

 

တနင်္သာရီတိုင်း၊ ကွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတို့၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် ၄ ဦးသေဆုံးခဲ့ ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ ထံမှ သိရသည်။

 

မတ်လ ၂၇ ရက်နေ့က ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတို့၌ အထိုင်ချတပ်စွဲထား သော စစ်သား၊ ပျူစောထီးပူးပေါင်းစခန်းများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူး ပေါင်းစစ်ကြောင်း ၂ မှ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း ယမုံရွာတိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာသည်အထိ ကြာမြင့်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် နေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိသူ ၃ ဦးကို ရေ လမ်းခရီးဖြင့် ကျွန်းစု ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

 

“တပ်စွဲထားတာက အင်အား ၇၀‌ လောက်ရှိတယ်၊ သူတို့က အထိုင်ချထားတာကို ကျနော်တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ပျူခေါင်းဆောင်ကနေရာမှာတင်သေတယ်၊ ဒဏ်ရာရတဲ့ သူ ၃ ဦးကို ရေလမ်းခရီးကနေ ကျွန်းစုဆေးရုံပို့တဲ့အချိန် လမ်းမှာသေသွားတာ” ဟု မြိတ်ခရိုင်ပြည်သူ့ ကာကွယ် ရေး ပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ ဖြစ်သည့် တနင်္သာရီ ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊ ကျွန်းစု ပကဖ၊ ပုလောပကဖ၊ တနင်္သာရီကာကွယ်ရေးပြောက် ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နှင့် Dragon squad ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...