Kyaikhto News

Kyaikhto News

ကျိုက်ထိုမြို့နယ်၊ ကွာရီရွာသို့ ဝင်ရောက်လာသော ကင်းပုန်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကွာရီကျေးရွာဘက်သို့ ဝင်ရောက်လာသောကင်းပုန်းစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နေ့လည်ပိုင်းက ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေ၊ တပ်ရင်း ၃ အတွင်းရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ်သား ၅၀ ခန့်သည် ကွာရီရွာဘက်သို့ ကင်းပုန်းဝပ်ရန် စစ်ကြောင်းထိုးလာစဉ် M79 ဗုံးသီး ၆ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/S4F2kE9xR9E

“မရမ်းချောင်စစ်ဆေးရေးဂိတ်ကနေ ကွာရီရွာဘက်ကို ကင်းပုန်းလာဝပ်တာ၊ ၄ ယောက်ဒဏ်ရာရ တယ်။” ဟု  တော်လှန်ရေးတပ်ဖွဲဝင်တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Forces (Thongwa PDF) နှင့် သေမင်းတမန် (Local PDF) နှစ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ...