Kyaik Ma Yaw News

Kyaik Ma Yaw News

ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာပျူစခန်းကို အလစ်အငိုက်စီးနင်းတိုက်ခိုက်မှု ၄ ဦးအရှင် ဖမ်းမိပြီး သေနတ် ၁၀ လက်သိမ်း ဆည်းရရှိ

 

D Day News

ဧပြီလ ၁၁

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူ စခန်းကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁၀ လက်သိမ်း ဆည်း ရရှိခဲ့ကြောင်း BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစခန်းကို မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့က အလစ်အငိုက်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမရှိပဲ စခန်းကို သိမ်းပိုက်ရရှိကာ ပျူစောထီး ၄ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁၀ လက် နှင့် ကျည် ၅၄၃ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

“အားလုံးဖမ်းမိတာ ၄ ဦးပါ။ ကျနော်တို့ ဝင်စီးတဲ့ချိန်က သူတို့ဘက်က ပြန်လည်တိုက်ခိုက်ဖို့ အချိန် မရ လိုက်ဘူး ရုတ်တရက် ဝင်စီးတာ ဖြစ်တဲ့အတွက်ကြောင့် အကုန်ဖမ်းမိလိုက်တာ လက်နက်ချ ပျူ တွေကိုတော့ မွန်ခွဲထွက် AD တပ်ဖွဲ့မှာပဲ ထိန်းသိမ်းထားပါတယ်” ဟု BELU ယက္ခဒီပ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SG_Production အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ စွန့်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...