Kyaik Ma Yaw Jail News

Kyaik Ma Yaw Jail News

ကျိုက်မရောအကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ နိုင်ငံရေးသူ မခက်ခက်အောင်၊ မနုနုလွင် အပါ အဝင် အကျဉ်းသား/သူ ၁၅၀ ကျော်ကို ထောင်ပြောင်းရွှေ့

 

D Day News

ဇွန်လ ၁၅

 

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ နိုင်ငံရေး အကျဉ်းသူ မခက် ခက်အောင် မနုနုလွင်တို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ ကျော်ကို ထောင်ပြောင်းရွှေလိုက် ကြောင်း သိရသည်။

 

ယနေ့ဇွန်လ ၁၅ ရက် နံနက် ၂ နာရီမှစ၍ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အ ကျဉ်းသူများရှိရာ အဆောင်များကို နာမည်စာရင်းနှင့် လာရောက်ခေါ်ဆောင်၍ နိုင်ငံရေးအကျဉ်း သားများကို နှစ်ယောက်တတွဲ သံခြေကျင်းခတ်ကာ ထောင်ပြောင်းမည်ဟုပြောဆို၍ အကျဉ်းဦးစီး ဌာနနှင့် ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

 

ခေါ်ထုတ်ခံခဲ့ရသည့်သူအများစုမှာ ကျိုက်မ​ေ‌ရာအကျဉ်းထောင်တွင်း နေထိုင်စဉ် ညွန်ကြားရေးမှူး‌ ဇော်မျိုးအောင်၏ မတရားသည့် အမိန့်များကို ထောက်ပြခဲ့ကြသူများဖြစ်ကြောင်း၊ လက်ရှိနောက်ဆုံး စုံစမ်းကောက်ယူရရှိသည့်အချက်အလက်အရ နိုင်ငံရေးအကျဉ်းသူ ၆၀ ဦး (အခြားမှုအပါအဝင်) နိုင်ငံ ရေးအကျဉ်းသား ၁၀၀ ဝန်းကျင် (အခြားမှုအပါအဝင်) စုစုပေါင်း ၁၆၀ ဝန်းကျင်(ယခုအရေအတွက် သည် အပြောင်းအလဲရှိနိုင်ပါသည်) ထောင်ပြောင်းရွှေ့ခံခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

ယင်းအကျဉ်းသား၊ အကျဉ်းသူများကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ပို့ဆောင်ကာ ယင်းမှတဆင့် သာယာဝတီအကျဉ်းထောင်နှင့်ဒိုက်ဦးထောင်တို့ကို ပြောင်းရွေ့မည်ဖြစ်ကြောင်း အကျဉ်းဦးစီအရာရှိ ဝန်ထမ်းများထံမှ သိရသည်ဟု ဆိုသည်။

 

ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခွဲအချိန် တန်းပိတ်ချိန်၌ အမျိုးသားအဆောင်နှင့် အမျိုးသမီး အဆောင် ကြား အမြင့်ပေ ၂၀ ကျော်ရှိသည့် အုတ်ရိုးအထက်တွင် သွပ်ပြားကာရန် မှောင်ရိပ်ခိုမှုဖြင့် အမိန့် ၃ လ ချမှတ်ခံထားရပြီး လွတ်ခါနီးနေသည့် အသက် ၂၅ နှစ်အရွယ် အခြားအကျဉ်းသား ကိုအောင်ချစ်ထွေး နှင့် အခြားလွတ်နီး အကျဉ်းသားများကို ညွန်ကြားရေးမှူး၏အမိန့်ဖြင့် အလုပ်ခိုင်းစေခိုင်းခဲ့ရာ အန္တ ရာယ် ကင်းပြီး ကောင်းမွန်သည့် အစီအမံများပြုလုပ်ပေးခြင်းမရှိသဖြင့် ဓာတ်လိုက်ပြုကျခဲ့ကြောင်း သိရသည်။

 

အကျဉ်းသားများ နားချိန်အတွင်း မတရားအလုပ်ခိုင်းစေမှုပြုခဲ့သဖြင့် ဓာတ်လိုက် ပြုတ်ကျသူ အခြား အကျဉ်းသား ကိုအောင်ချစ်ထွေးကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံသို့ မပို့ဆောင်ပေးခြင်း မရှိသဖြင့် အမျိုးသမီးအဆောင်မှ ပြင်ပဆေးရုံသို့အမြန်တင်ပေးရန်နှင့် အကျဉ်းသားသေဆုံးမှုဖြစ် စဉ်ပေါ်ပါက ညွန်မှူး ဇော်မျိုးအောင် တာဝန်ယူရမည်ဖြစ်ကြောင်း ဝိုင်းဝန်းပြောဆိုခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝိုင်းဝန်းပြောဆိုမှုကြောင့် ပြုတ်ကျပြီး ၁ နာရီခွဲခန့်ကြာသည့်အချိန်တွင် ဓာတ်လိုက် ပြုတ်ကျ သည့် အကျဉ်းသားကိုအောင်ချစ်ထွေးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဓာတ်လိုက်ပြုတ်ကျမှုကြောင့် အကျဉ်းသား ကိုအောင်ချစ်ထွေးသည် ဦးခေါင်းခွဲစိတ်ကုသမှု ကို ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန် ထားသည်။

 

အကျဉ်းသားများ ပြောင်းရွှေ့ခံရမှုတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံ ရေးအကျဉ်းသူ မနုနုအောင်နှင့် မခက်ခက်လွင်တို့ပါကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...