Kyaik Ma Yaw Jail News

Kyaik Ma Yaw Jail News

ကျိုက်မရော အကျဉ်းထောင်အတွင်း၌ သွပ်မိုးစဉ် အကျဉ်းသားတစ်ဦး အမြင့်ပေ ၂၀ ခန့်မှ ဓာတ်လိုက်ပြုတ်ကျ

 

D Day News

ဇွန်လ ၁၃

 

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်အတွင်း၌ သွပ်မိုးနေစဉ် အကျဉ်းသား တစ်ဦး အမြင့်ပေ ၂၀ ခန့်ရှိ အမိုးပေါ်မှ ဓာတ်လိုက်ပြုတ်ကျခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့်က ကျိုက်မရောအကျဉ်းထောင်အတွင်းရှိ အမျိုုးသမီး အဆောင်နှင့် အမျိုးသားအဆောင်ကြား သွယ်မိုးနေစဉ် အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြီး အမြင့်ပေ ၂၀ ခန့်ရှိ အမိုးပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယင်းအကျဉ်းသားကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုထားကြောင်း သိရသည်။

 

ထိုသို့ အမြင့်ပေ ၂၀ ခန့်ရှိ အမိုးပေါ်မှ ပြုတ်ကျသည့် အကျဉ်းသားကို အမြန်ဆုံးဆေးရုံပို့ပေးရန် ထောင်တွင်းရှိ အကျဉ်းသားများက ဝိုင်းအော်တောင်းဆိုမှုရှိခဲ့ပြီး ထောင်တွင်း ဆန္ဒပြမှုအထိဖြစ်ပွား ခဲခြင်းမရှိကြောင်း သိရသည်။

 

အကျဉ်းထောင်အာဏာပိုင်များ အနေဖြင့် အလုပ်စေခိုင်းရာတွင် တက်ရောက်အလုပ်လုပ်ကိုင်ရမည့် သူအား အန္တရာယ်ကင်းစေသည့် အသုံးအဆောင်ပစ္စည်းများ စီမံပေးခဲ့‌ခြင်းမရှိသဖြင့် ယခုကဲ့သို့ ဓာတ် လိုက် ပြုတ်ကျခဲ့ရခြင်းဖြစ်ပြီး အကျဉ်းသားမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ရင် ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၄၀ အရွယ် CDM ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ စက်တင်ဘာလ ၁ ရက်ညပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မိတ်ဆွေသူငယ်ချင်း ၂ နှစ်ဦးနှင့်အတူ...