Kyaik Hto News

Kyaik Hto News

ကျိုက်ထိုမြို့တွင် ကြမ်းဖက်စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ စစ်သားအငြိမ်းစား တစ်ဦး ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၂၇

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်သူ နေသူ စစ်သားအငြိမ်းစားတစ်ဦး ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ် ပေးနေသူ ကျော်ကျော်ကို ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် ၊ ဗိုလ်ချုပ် လမ်း ၊ နီလာ တည်းခိုခန်း နှင့် အင်းဝဘဏ် ကပ်ရပ်ရှိ ဆိုင် ကယ်ကယ်ရီဂိတ်အတွင်း၌ ပစ္စတိုသေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်ခဲ့ရာ ပေါင်ရှပ်ထိ ဒဏ်ရာ ၁ ချက် ၊ ပေါင်အတွင်း ကျည်နစ်မြှုပ် ဒဏ်ရာ ၁ ချက် ၊ တင်ပဆုံမှ ဆီးခုံအတွင်း သို့ ကျည်ထိုးဖောက် ဒဏ်ရာ ၁ ချက် ရရှိပြီး စိုးရိမ်ရဖြင့် ကျိုက်ထိုဆေးရုံကြီးမှ သထုံ ဆေးရုံကြီးသို့ တင်ပို့ကုသထား ကြောင်း သိရသည်။

 

၎င်းသည် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင် နေထိုင်သူ စစ်သား အငြိမ်းစား တစ်ဦးဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲများ၏သတင်းများကို လုံလံစုံစမ်း၍ အကြမ်း ဖက်စစ်တပ်ကို သတင်းပေးခြင်း၊ အ လောင်းကစားဝိုင်း ၊ KTV များတွင်လည်း စစ်ကောင်စီတပ် သား များနှင့် အတူသွားလာကာ ကူညီပေး နေ ခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုကို PDF ၊ တပ်ရင်း – ၇၈၅၀ ၊ တပ်ခွဲ – ၄ ၊ UG ရဲဘော်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်းဝဘဏ် အတွင်းရှိ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများနှင့် ထွေအုပ်ရုံးအတွင်းရှိ အ ကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ် မှု ပြုလုပ်ခဲ့သော်လည်း များရှိခဲ့ပြီး မိမိတို ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...