KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ကလေးတစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ကလေးတစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၆

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ မ‌ဇောကျေးရွာအတွင်းသို့ ဇဝဲအခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ၅၅၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုခဲ့ရာ ကလေး ၁ ဦးအပါဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ‌နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ကလည်း ကေအဲန်ယူ-ကရင်အမျိုးသား အ စည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇရပ်ကြီး၌ တပ်စွဲ အခြေ စိုက်ထားသော စစ်ကော်မရှင်၏ ခမရ-၅၉၈ တပ်မှ အရပ်သားပြည်သူနေထိုင်သည့် ဝင်းကံကျေးရွာ ဘက် သို့ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၅၇ မိနစ်က ကေအဲန်ယူ- ကရင်အမျိုးသား အ စည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ရေလဲကျးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈၇ နှစ်အရွယ် အဘိုးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာ ရရှိမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PDF ရဲဘော် တစ်ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့‌ အောက်တိုဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀...