ဆောထိမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုသမီး ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့်စာသင်ကျောင်း ၁ ကျောင်း ပျက်စီး

ဆောထိမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုသမီး ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့်စာသင်ကျောင်း ၁ ကျောင်း ပျက်စီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၆

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆော ထိ မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာ သင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂ မိနစ်တွင် တစ် ကြိမ် ဆောထိ မြို့နယ်၊ ကွင်းဒလကြီး၊ ညောင်ပင်ကြီး၊ သက်ကယ်ကုန်း ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၁၂ ကြိမ်အတွင်း ပေါင် ၅၀၀ ဗုံး ၂၄ လုံး ခန့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကွင်းဒလေလး ကျေးရွာမှ အသက် ၁၈ နှစ် အရွယ် မခင်စံ ပယ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး အသက် ၃၀ အရွယ် မောင်ဇင်မင်းအောင် နှင့် သက်ကယ် ကုန်းကျေး ရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကွင်းဒလေးရွာသူ အသက် ၅၉ နှစ် အရွယ် ဒေါ်မွေးတို့ ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကွင်းဒလေးကျေးရွာမှ နေအိမ် ၂ လုံး၊ ညောင်ပင်ကြီးကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ မင်္ဂလာကုန်း ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် သက်ကယ်ကုန်း ကျေးရွာမှ စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာ နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပမ်း လျက်ရှိပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသောနယ်မြေမျာအတွင်းရှိ ပြည်သူလူထုများအား အကြောက် တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Photo – အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြက်ခြံတစ်ခြံ ပျက်စီး

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြက်ခြံတစ်ခြံ ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးမြူရေး ကြက်ခြံတစ်ခြံပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့အောက်တိုဘာလ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တအာင်းပြည်၊...