သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၈
KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂ ရက် နံနက် ၁၁ နာရီ ၈ မိနစ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ် စီမံအုပ်ချုပ်နယ်မြေ၊ သံဆိပ် မင်းလမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၅၇ တပ်ရင်းမှ ပျဉ်ရေကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရ သည်။
အောက်တိုဘာလ ၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ကလည်း တော်ဝိကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီတပ် ခလရ-၂၀ မှ ၈၁ မမ လက်နက်ကြီးဖြင့် ၁ လုံး ပစ်ခတ်ခဲ့ရာ ကွင်းဒလကြီး ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်သက်ဝင်း ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၇ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု၊ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က (Jet fighter) လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထီးမဲ့ဘော (သဲချောင်းကြီး)ကျေးရွာနေ အသက် ၉၁ နှစ်အရွယ် ဒေါ် ကျင်အေး ၊ အသက် ၅၀ အရွယ် ဒေါ်မာမာ၊ အသက် ၁၀ နှစ်အရွယ် မသီရိနိုင်နှင့် အသက် ၅၈ နှစ် အရွယ် ဦးစိုးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်လျက် ရှိသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ နေ့စဉ်နှင့် အမျှ ထိခိုက်သေဆုံးနေရပြီး စိုးရိမ် ထိတ်လန့် စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။
Photo – အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံး ရမှုများ။
Thanlwin Myanmar Media