အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၀

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်မဖြစ်မြောက်စေရန်အတွက် ကရင်မျိုးသားရဲတပ်ဖွဲ့က အတူ တကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၃၄ ကြိမ်မြှောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက အသိပေးထား ခြင်းဖြစ်သည်။

ဇူလိုင်လ ၃၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ကော်မရှင်သို့ ပြောင်းလဲ ဖွဲ့စည်း လိုက် ပြီး တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းလာကြောင်း၊ ဤ ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြဿနာများကို မဖြေရှင်းနိုင်သာမက ရွေးကောက်ပွဲကျင်းပခြင်းအား ဖြင့် ပြည်တွင်း ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေပြီး ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

ထို့ကြောင့် ကရင် အမျိုးသားရဲတပ်ဖွဲ့ရှိ ရဲဘော်ရဲဘက် ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်အားလုံး သည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမှ စစ်ကော်မရှင်၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေး အတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ မိမိတို့ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သည် ကရင်တစ်မျိုးသားလုံး ဖိနှိပ်မှုမှ လွှတ်မြောက်ရေး၊ လွှတ်လပ်ခွင့်၊ တန်းတူအခွင့်အရေး၊ ကိုယ့်ကံကြမ္မာဖန်တီးခွင့်ရရှိရေးအတွက် နိုင်ငံရေး ခေတ်ရေစီး ကြောင်း နှင့်အညီ လိုက်လျောညီထွေစွာ ဆောင်ရွက်ရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သည် ဂျီနီဗာခေါ (Geneva Call) နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်းနှင့် ကျားမ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကတိကဝတ်ကို ၎င်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ အတွင်း စွမ်းစွမ်းတမံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသား ရဲတပ်ဖွဲ့သည် ပြည်သူများနှင့်အတူလက်တွဲပြီး မိခင်အဖွဲ့အစည်း အကောင်အထည် ဖော် ဆောင်ရွက်ရမည့် အရာ များကို ပံ့ပိုးကူညီရန် တာဝန်ရှိကြောင်း ဆက်လက် အသိပေးထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးချမှတ်ထားသည့် မူဝါဒနှင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံ ရေး ရည်မှန်းချက်များရှိသည့်အလျောက် တာဝန်ဝတ္တရား ရှိသည့်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြည်သူများအား ကာကွယ်ပေးခြင်း၊ လုံခြုံမှု မရှိ အောင် လုပ်ဆောင်သည့် လုပ်ရပ်များကို အရေးယူခြင်းနှင့် ပြည်သူများကို ဆိုးရိမ်ပူပန်မှုဖြစ်စေ ခြင်း များအား လျော့ချခြင်းတို့ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း KNU ဗဟို၏ သဝဏ်လွှာတွင် ဖော်ပြ ထားသည်။

ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်များကာ ကွယ်ရန်နှင့် တရား ဥပဒေ စိုးမိုးရေးကို အ ကောင် အထည်ဖော်ရန်အတွက် ပြည်သူလူထုများသည် လုံခြုံရေး အခန်းကဏ္ဍ တာဝန်များကို ကရင် အမျိုးသားရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ရန်နှင့်ပံ့ပိုးကူညီရန် အလွန်ပင်အရေးကြီးသည်ဟု ဆိုသည်။

ထို့ကြောင့် ကရင်အမျိုးသားရဲတပ်ဖွဲ့သည် ပြည်သူ လူထုများ၏ ယုံကြည်မှုနှင့် အားထားမှု ရှိရန်မှာ အဓိကအချက် ဖြစ်ပြီး ပြည်သူလူထုမှ ယုံကြည် မှုမရှိသည်လျှင် ပူးပေါင်းဆောင်ရွက် မှုရှိမှာ မဟုတ် ပဲ၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံရေးအာမခံချက် များသည်လဲ ရှိ နိုင်မည် မဟုတ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၄ နှစ်ပြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း အရေးကြီးသော စစ်ရေးဖြစ်ပေါ်တိုးတက်မှုအဖြစ် မြန်မာနိုင်ငံ မြောက် ပိုင်းတွင်...