သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-မုန်း ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်ကို ဒု-ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူး တစ်ဦးအပါအဝင် (၆)ဦး သေဆုံးကာ (၁၆)ဦး ခန့် ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ် မြေ၊ ခလယ်လွီထူခရိုင် အတွင်းရှိ ကျောက်ကြီးမှ မုန်းသို ဆက်သွယ်ထားသည့် ကားလမ်းပိုင်းသို့ စစ် ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့မှ မြက်ရဲရွာ အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဖက်မှ ဂျက်ဖိုက်တာများ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ကူရခဲ့သော်လည်း ဒု-ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူး တစ်ဦးအပါအဝင် (၆) ဦး သေဆုံးပြီး (၁၆) ဦးခန့် ဒဏ်ရာရှိကာ တပ်ပြန် ဆုတ်သွားခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံး ပြုသော လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ရယူရန် အတွက် လက်နက်ကြီး များဖြင့် နေစဥ်ပစ်ခတ်လျက်ရှိကာ မြေပြင်စစ်ကြောင်းများဖြင့် အဆက်မပြတ် ထိုးစစ်များအား လုပ် ဆောင်လျက်ရှိသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ လမ်းတစ်လျှောက် ဖြတ်တောက် တိုက် ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ်မှ ကျောက်ကြီး-မုန်းကားလမ်း တစ်လျှောက်အား လက်နက်ကြီးများ ဖြင့် အဆက်မပြတ် ပစ်ခတ်မှုများအား လုပ်ဆောင်လျက်ရှိသောကြောင့် ကားလမ်းမဘေး တစ် လျှောက်ရှိ ကျေးရွာများတွင် နေထိုင်ကြသောပြည်သူလူထုများမှာ စိုးရိမ်ထိတ်လန့်ပြီး အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထိုသို့ တိမ်းရှောင်နေရသော မိဘပြည်သူလူထုမှာ မိုးတွင်းကာလဖြစ်သည့်အလျောက် ဘေဒုက္ခ များ စွာ ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ အား လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
Photo – အာဏာသိမ်းအကြမ်းဖက်စစ်တပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
Thanlwin Myanmar Media