KNU ၊ ပိုင်ကျုံမြို့နယ်၊ နောတခီး အလက ကျောင်း၌ ကလေးများကျောင်းတက်နေစဉ် စစ်တပ် လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား ကလေးငယ် ၁ ဦးနှင့် ဆရာ၊ ဆရာမ ၂ ဦး ဒဏ်ရာရပြီး ကျောင်းရုံးခန်းပျက်စီး

KNU ၊ ပိုင်ကျုံမြို့နယ်၊ နောတခီး အလက ကျောင်း၌ ကလေးများကျောင်းတက်နေစဉ် စစ်တပ် လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား ကလေးငယ် ၁ ဦးနှင့် ဆရာ၊ ဆရာမ ၂ ဦး ဒဏ်ရာရပြီး ကျောင်းရုံးခန်းပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ)မြို့နယ်၊ နောင်တခီးအခြေခံပညာအလယ်တန်းကျောင်း၌ ကလေးသူငယ်များ ကျောင်း တက်နေစဉ် အကြမ်းဖက်စစ်ကော်မရှင်တပ်ကကာမီကာဇယ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်း သား ကလေးငယ် ၁ ဦးနှင့် ဆရာ၊ ဆရာမ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းရုံးခန်း ပျက်စီးခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် အတွင်းရှိ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှဖွင့်လှစ်ထားသော ကော်သူးလေကျောင်း အမှတ် (၇၀၈၂) နောင်တခီးအခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးသူငယ်များကျောင်း တက်နေစဉ် အကြမ်းဖက်စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ကာမီကာဇယ်ဒရုန်း အသုံးပြု၍ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းမှ ကျောင်းရုံးခန်း ၁ ခန်း ၊ ဆရာမ ၁ ဦး၊ ဆရာ ၁ ဦး နှင့် ကျောင်သားငယ် ၁ တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – စစ်ကော်မရှင်မှ ကာမီကာဇေဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းရုံးခန်း ထိခိုက် ပျက်စီးမှုမှတ်တမ်းများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၃...