KNU News

KNU News

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သုခစခန်းမှ ဗိုလ်ကြီး မြင့်ဆွေဦး(ခ) စောမိုးဇက်က စခန်း မ သိမ်းပိုက်မီ ပြည်သူ့ရင်ခွင်ထံ လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်၊ စခန်းသိမ်းပိုက်စဉ် စစ်သား အားလုံးထိုင်းဘက်ခြမ်း ထွက်ပြေး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၀

 

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သုခစခန်းမှ ဗိုလ်ကြီး မြင့်ဆွေဦး (ခ) စောမိုးဇက်သည် စခန်း မသိမ်းပိုက်မီ ရက်အလိုက လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး စခန်းသိမ်းပိုက်စဉ် စစ် သားအားလုံး ထိုင်းနိုင်ငံ ဘက်ခြမ်းထွက်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၇ ရက်နေ့က ထားဝယ်ခရိုင်၊ ထိုင်းနိုင်ငံနယ်စပ်မျဥ်းပေါ်ရှိ စစ်ကောင်စီ၏ သုခစခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်‌ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အားလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

“သုခစခန်းမှာက ရန်သူအလောင်းရရှိတာမရှိဘူး။ သူတို့က အကုန်လုံး ထိုင်းဘက်ခြမ်းကို ထွက် ပြေးကြတာ” KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ပြောကြားသည်။

 

ယင်းစခန်းမသိမ်းပိုက်မီ ဇူလိုင်လ ၁ ရက်ညနေ ၃ နာရီခန့်က ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သုခစခန်းတွင် တာဝန် ကျနေသော ခလရ ၂၈၂ ၊ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်ကြီး မြင့်ဆွေဦး (ခ) စောမိုးဇက်သည် မိမိ သဘော ဆန္ဒအလျောက် KNU – တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ သို့ ချိတ်ဆက် ကာ ပြည်သူ့ရင်ခွင်ထံ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့အလင်းဝင်ရောက်ရန် ဆက်သွယ် လာသည့် ဗိုလ်ကြီးမြင့်ဆွေဦး(ခ)စောမိုးဇက်ကို KNU တပ်မဟာ – ၄ ၊ အမှတ် ၁ဝ တပ်ရင်းမှူးက ထွက် ခွာနိုင်ရန် စီစဉ်ပေးခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့ ကြောင်း သိရသည်။

 

“ဗိုလ်ကြီးစောမိုးဇက် ဘက်ပြောင်းကူးလားတဲ့အတွက် ကျနော်တို့က ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကြိဆိုပါတယ်၊ တခြားစကစရဲ့ လက်အောက်ခံ တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေကို တိုက်တွန်းချင်တယ်၊ ကျနော်တို့ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူထုအတွက်ကို ရပ်တည်ပေးပါ၊ သူတို့ဖိနှိပ်မှုကို ကိုယ်ချင်း စာပေးပါ၊ အဲဒီလိုရပ်တည်ပေးမယ်ဆိုရင် စကစက အသက်ရှုလို့မရဘူး။ သူတို့က ပြုတ်မှာ၊ အဲဒါ ကြောင့် အမှန်တရားကို ရပ်တည်ပေးပါလို့ ပြောချင်တယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အကြောင်းပြချက် အမျိုးမျိုး ဖန် တီး၍ပြည်သူလူထုအပေါ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးပြီး တရားမျှတမှုမရှိ၊ ထင်ရာစိုင်းလို့သည့် စိတ် ဆန္ဒဖြင့်သာ အကြမ်းဖက်တိုက်ခိုက်နေသည်ကို တွေ့ရှိရကြောင်း၊ လူငယ် အများစုကိုလည်း အတင်း အဓမ္မ စုဆောင်းကာ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်စေကာ အထက်ပိုင်း ဗိုလ်ချုပ်ကြီး များ ကောင်းစားရေးလုပ်ဆောင်နေကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 

လက်အောက်ငယ်သားများအနေနဖြင့် မလုပ်ချင်ပဲလုပ်နေရပြီး စစ်မတိုက်ချင်သော်လည်း တိုက်နေ ရကြောင်း၊ ဆုပ်လည်းစူး၊ စားလည်းရူး ဘဝ ဖြင့် စိတ်ဓါတ် ပျက်ပြားကာ ထွက်လမ်း လွတ်လမ်းကို သာရှာဖွေနေကြရသည်ဟုဆိုသည်။

 

ထို့ကြောင့် စစ်ကောင်စီသည် မကြာမီ ပြိုကွဲပျက်စီးတော့မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ တနိုင်ငံ လုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားပါက စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်း သွားနိုင် မည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ်မှူးတစ်ဦး အရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၁   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ် မှူး တစ်ဦး...