မာနယ်ပလောထာနချုပ် ဆုတ်ခွာပြီးနောက် KNU ဌာချုပ်အဖြစ် တည်ထောင်ခဲ့သည့် ထီးကပလယ် စခန်းကို ၂၈ နှစ်ကြာမှ ပြန်လည် သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဇွန်လ ၂၃
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီ မြို့နယ်အတွင်းရှိ မာနယ်ပလော ဌာနချုပ်စခန်းမှ ဆုတ်ခွာရပြီးနောက် KNU ဌာနချုပ်အဖြစ် တည် ထောင်ခဲ့သည့် ထီးကပလယ်စခန်းကို ၂၈ နှစ်ကြာမှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်သည်။
ဇွန်လ ၂၂ ရက်နေ့က ထိုင်း – မြန်မာနယ်စပ်ရှိ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် – K.N.L.A ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-K.N.D.O ၊ တို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။
ယင်းစခန်းသည် မာနယ်ပလော ဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ ကေအဲန်ယူ ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ကြောင်း၊ သို့သော် လည်း ၂ နှစ်မပြည့်မှီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်မှ ထပ်မံကျူးကျော် တိုက် ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည့် စခန်းဖြစ်ကြောင်း သိရဿည်။
ထို့ကြောင့် ထီးကပလယ်စခန်းသည် (၂၈) နှစ်အကြာမှ KNU/KNLA တပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။
ဓါတ်ပုံ − ပြန်လည်သိမ်းပိုက်ရရှိသော ထီးကပလယ် တပ်စခန်းရှေ့တွင် တွေ့ရသော K.N.L.A ၊ K.N.D.O နှင့် P.D.F တပ်ဖွဲ့ဝင်များ။
Thanlwin Myanmar Media