KNU News

KNU News

ကစယ်ဒိုမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန် ၇

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ၊မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု ၊ကျောက်အိုင်(ကွီးလေး) ကျေးရွာကို စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၇ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်က ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင် ပျောက်ကျေးရွာအုပ်စု၊ ကျောက်အိုင် (ကွီးလေး)ကျေးရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး ၂ ဦးကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် စောသန်းဝင်းထွေးနှင့် အသက် ၅၅ နှစ်အရွယ် ဦးသန်းအောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU – မြိတ်-ထားဝယ်ခရိုင်၊ သတင်းနှင့်ပြန်ကြာရေးဌာနက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

‌ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ ပျူစောထီးအဖွဲ့မှ ပျူစောထီး ၁ ဦး မိသားစုကို ခေါ်ပြီး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း ဇွန်လ ၇   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ ပျူစောထီးအဖွဲ့မှ ပျူစောထီး ၁ ဦးသည် မိသားစုကိုပါခေါ် ဆောင်ပြီး...