ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာမင်္ဂလာပွဲကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၅ နှစ်ကလေးနှစ်ဦး၊ သတို့သမီးတို့အပါအဝင် ၁၂ ဦးသေဆုံးပြီး ကလေးငယ် ၁၃ ဦး အပါ အဝင် ၃၇ ဦး အပြင်းအထန်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မေလ ၂၆
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်၊ကျောက် ကြီး (လယ်ဒို)မြို့နယ်၊ ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ပွဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး၊ သတို့သမီးတို့အပါအဝင် ၁၂ ဦး သေဆုံးပြီး ကလေးငယ် ၁၃ ဦးအပါအဝင် ၃၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။
မေလ ၂၅ ရက် နံနက် ၉ နာရီခန့်က ကျောက်ကြီး (လယ်ဒို) မြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ မင်္ဂလာဧည့် ခံပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီး ဖြင့် မင်္ဂလာပွဲကျင်းပသည့် နေရာကို ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ်ကလေး ၂ ဦး၊ သတို့သမီးတို့အပါအဝင် ၁၂ ဦး သေဆုံးပြီး အသက်မပြည့်သော ကလေး ၁၃ ဦးအပါအဝင် ဒေသနေ ပြည်သူ ၃၇ ဦး အပြင်းအ ထန် ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ထို့အပြင် နေအိမ် ၁၁ လုံး၊ ဈေးဆိုင် ၁ ဆိုင် ၊ တဲ ၁ လုံး၊ ဝက်တဲ ၁ လုံး၊ လယ်ထွန်စက် ၁ လုံး၊ အိမ် သာ ၂ လုံးနှင့် စာသင်ကျောင်းခြံ ပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ လက်နက်ကိုင်မရှိသည့် ဒေသနေပြည်သူလူထုများနေထိုင်သော ကျွန်းကြီးကျေးရွာ၌ မင်္ဂလာပွဲကျင်းပသည့် နေရာကို ရည် ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်္ဂလာဆောင် သည့် သူတို့သမီးနှင့် အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် မင်္ဂလာပွဲတက်ရောက်သည့် ဒေသခံစုစုပေါင်း ၈ ဦး ပွဲချင်းပြီးသေဆုံးပြီး စိုးရိမ်ဒဏ်ရာရရှိသူ ၄၁ ဦး အနက် ၄ ဦးထပ်မံ သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများမှာ နော်ဖောတာရှူ (၃၈) နှစ် ကျောဘက်ထိ ကျွန်းကြီးကျေးရွာ၊ နော်ဖောသဒါးဝါး (၃၅) နှစ် ဘယ်ဘက်ချိုင်းထိ ကျွန်းကြီးကျေးရွာ၊ စောနေဘလုမူး(၅)နှစ် ခေါင်းထိ ကျွန်းကြီးကျေးရွာ၊ နော်ဂျူးပလီ (၄၆) နှစ် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းတခုလုံးထိ ကျွန်းကြီးကျေးရွာ၊ နော်စုထူးထူးအောင် (၅)နှစ် ကျောဘက်ထိ ကျွန်းကြီးကျေးရွာ၊ သတို့သမီးနော်ကမွီးဖော (၂၂) နှစ် ဗိုက်ထိ ကျွန်းကြီးကျေး ရွာ၊ မောင်သုသု (၁၉) နှစ် ကျောဘက်ထိ၊ မောင်မြင့်မြတ်ဟိန်း (၁၄) နှစ် ရင်ဘတ်ထိ ကောက်မယ့်သူ ကျေးရွာ၊ နော်ဘူးလာဖော (၅၂) နှစ် ခါးတင်ထိမှန်ပြီး ဘယ်ဘယ်ခြေထောက် ပြတ်ထွက်၊ နော်စေး ကဘိုဖော (၁၇)နှစ် နော်အယ်လားဖော (၄၀) နှစ်၊ စောပုလဲ (၄၄) နှစ် ကျောက်မှော် ဘုရားကြီးကျေး ရွာ စသည်တို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် အချို့မှာ ပြင်းထန်စွာဒဏ်ရာရရှိသူများမှာ ဟင်္သာဝဲကျေးရွာမှ နော်ဩဇာ ဖော (၁၉)နှစ် ညာဘက်လက်ဖမိုးထိ၊ ကျွန်းကြီးကျေးရွာမှ နော်ဆဲသောဂေး (၁၂)နှစ် ညာဘက်ပုခုံး ထိ၊ စောကျော်သက်ဝေ (၁၈) နှစ် ခေါင်းနှင့်ညာဘက်ပေါင်ထိ၊ စောစူပါရှား (၁၅) နှစ် ခေါင်းနှင့် ကျော ထိ၊ ညားနန်းကြူ(၆၀)နှစ် တင်ပါးထိ၊ ဦးစိန်တိုး( ၄၇) နှစ် ကျောထိ၊ နော်အယ်ကညောဖော(၃၂)နှစ် ဘယ်ဘက်လက်ထိ၊ နော်ဖောအယ်ဂေးဝါး(၃၀)နှစ် ညာဘက်ပေါင်ထိ၊ ဦးဆန်းညွှန့်(၅၅)နှစ် ညာ ဘက်ပေါင်ထိ၊ စောအယ်ခူဝါး(၃၈)နှစ် ဘယ်ဘက်လက်ထိ၊ စောသန်းဇော်လင်း ဘယ်ဘက်လက် မောင်းထိ၊ စောဂျက်စကို(၂၇)နှစ် ညာလက်/ ဘယ်ဘက်ပေါင်/ ဘယ်ဘက်ခါး/ ခေါင်းနှင့်ကျောထိ တို့ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စောစောလှဝေထူး (၁၆)နှစ် ခေါင်း/ဘယ်ညာလက်နှင့်ရင်ဘတ်ထိ၊ ညားမဲညို (၅၈)နှစ် ညာ လက်နှင့်ခြေဖနောင့်ထိ၊ (၁၅)တီးဇော်လွင်(၄၂)နှစ် ခါးဘယ်ဘက်နှင့်ဗိုက်ထိ၊ နော်ဆဲဖော(၅၂)နှစ် (ရေတွင်းကုန်းကျေးရွာ) ဘယ်လက်နှင့်တင်ပါးထိ၊ နော်ထူးဆာဖော (၂၇)နှစ် ဘယ်ဘက်လက်ဖဝါး နှင့် ညာဘက်ခြေသလုံးထိ၊ နော်လားလယ်သော(၁၈)နှစ် တင်ပဆုံထိ၊ နော်ဝတ်မှုန်ဒီဒီ (၁၃) နှစ် တင်ပါးနှင့်ဗိုက်ထိ၊ နော်ကူးရာဖော(၁၈)နှစ် ပုခုံးထိ၊ နော်စေးကဘိုဖော(၁၇)နှစ်၊ စောကော်ကပရူထူး (၂၀)နှစ် ခြေနှစ်ဖက်လုံးထိ၊ နော်စေးဝါး(၅၃)နှစ်၊ စောဝါးဃီးလာ(၂၁)နှစ်၊ နော်တဝဲ(၇၁)နှစ်၊ စောဒဲက ရေထူး(၁၉)နှစ်၊ စောအာကာမင်း(၁၆)နှစ်၊ နော်အယ်ဂေးဖော(၂၇)နှစ်၊ နော်ဝဒီပိုးသန့်(၁၂)နှစ် ညာ ဘက်လက်မောင်းထိ၊ နော်ဝေဝေလွင် (၄၀) ညာဘက်ခြေထောက်ထိ၊ နော်ဝါးနေဖော (၂၂)နှစ်၊ နော် အယ်တာခူ(၂၅)နှစ်၊ ညားထားထား(၅၅)နှစ်၊ နော်မေသူငြိမ်း(၁၃)နှစ်၊ နော်နှင်းဧကရီ(၁၂)နှစ် ခေါင်း ထိ၊ နော်ဝင်းသိင်္ဂီကျော်(၂၉)နှစ် ကျောထိ၊ နော်ဘလေဘလော်ဝါး(၁၆)နှစ် ဘယ်လက်မောင်းထိ စသည် တို့ဖြစ်သည်။
Photo − အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံး ရမှုများ။
Thanlwin Myanamr Media