KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၄

 

ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များ လည်းပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၂၁ ရက် ည ၈ နာရီ ၁၈ မိနစ်က သထုံမြို့နယ်၊ ကဒီပုကျေးနယ်အုပ်စု၊ ပဏ္ဍိကုန်းကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် အမတ−၃၁၄ မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက် နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၈ နှစ်အရွယ် နော်အေးနိုင်သေဆုံးပြီး အသက် ၄၈ နှစ်အရွယ် နှင့် ၁၁ နှစ်အရွယ် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၅ လုံးလည်းထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၁ ရက်နေ့တွင် ဆောထိမြို့နယ်၊ ထင်ကျော်ရာဘာခြံ နတ်စင်တံတားတွင် ခရီး သွားလာနေသော ဒေသနေပြည်သူများကို သံဆိမ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများက K3 သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဝိုင်ကျွန်း ကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင် ၊ တပင်ချောင်းကျေးရွာမှ အသက် ၆၂ နှစ်ရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အောင်ဇေယျာထွန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၂၃ ရက်နေ့ကလည်း ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ မတောကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီ ၏ ရွေဝါတပ်ရင်း ခမရ-၃၀၇ မှ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅ မမဖြင့် လက်နက်ကြီး ၂ လုံးပစ် ခတ်ခဲ့ရာ မတောကုန်းကျေးရွာမှ ဒေါ်စန်းကြည်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၃ နှစ် အရွယ် ဒေါ်စန်းကြည် နှင့် စစ်ဘေးလာရှောင်သည့် နရွဲပင်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် နော်အေးရွှေတို့ ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် သေဆုံး ရမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

YDF ခေါင်းဆောင် မြတ်သူ(ခ)သိန်းဇော်ဝင်း၏ တပ်ဖွဲကို အသုံးချပြီး အာဏာအလွဲသုံးစားမှု၊ သစ်၊ မူးယစ်ဆေးဝါးများဖြင့် ကိုယ်ကျိုးရှာမှု၊ လက်အောက်ငယ်သားများအပေါ်မတရား ဖမ်းဆီးနေမှုများ ကို မခံနိုင်၍ YDF တပ်ဖွဲ့မှ စစ်ဒေသမှူးဗိုလ်ကြီးကောင်းကောင်းဦးဆောင်ကာ ခွဲထွက်   သံလွင်မြန်မာသတင်း မေလ ၂၄   Yaw Defense Force-YDF...