KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်း ပိုက်ခဲ့သည့် တပ် ဗိုလ်၊ တပ်မှူးများ နှင့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြုပွဲကျင်းပခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုး သား အစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်း မြစ် အခြေစိုက်သော စစ်ကောင်စီ တပ်စခန်း ၈ လုံးကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြာင်း သိရသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KLNA တပ်မဟာ ၇ စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း ၂၂ တပ်ရင်းမှူး ဦးဆောင်၍ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော်-KLNA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်ရဲဘက်များမှ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဤကဲ့သို့ တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်ရဲဘက်များ မှ တိုက်ပွဲများတွင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်၍ စခန်းများသိမ်းပိုက်နိုင်မှုကြောင့် သောင်းရင်းမြစ် ဘေးရှိ ရွာသူရွာသားများ အကြောက်တရား ကင်း လွတ် စွာဖြင့် လွတ်လပ်စွာသွားလာ၍ လုပ်ကိုင်စားသောက်နိုင်ပြီဖြစ်ကြောင်း KNU ဗဟိုက အသိပေး ထားသည်။

 

ထို့ကြောင့် ယနေ့ မေလ ၂၁ ရက်နေ့တွင် ဖားအံခရိုင် တပ်မဟာ ၇ ရှိ တာဝန်ရှိခေါင်းဆောင်များ၊ ဗဟိုနှင့် ဖားအံခရိုင်ကရင်အမျိုးသမီး အစည်း အရုံး (KWO) နှင့် ဒေသခံ ရွာသူရွာသားများက စခန်း သိမ်းတိုက်ပွဲများအား ရဲစွမ်းသတ္တိဖြင့် စွမ်းစွမ်း တမံ တိုက်ပွဲဝင်ခဲ့ကြသော တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ တော်လှန်ရေးအင်အားစုများအနေဖြင့် သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေမည့် အားနည်းချက်များ ကို အလေးအနက်ထား ဆင်ခြင် သုံးသပ်ကြပါရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ရှစ်လေးလုံးလူထုဒီမိုကရေစီ အ ရေး...