KNU News

KNU News

မြဝတီမြို့သို့ စစ်ကူတက်လာသည့် စစ်ကြောင်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံး၊ သံချပ်ကာကားတ်တစ်စီးအပါအဝင် ၃ စီး၊ ပွိုင့်ဖိုက် သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိ

 

  • မြဝတီအမှတ် ၂ အမှတ် ချစ်ကြည်ရေးတံတားတိုက်ပွဲတွင် စစ်သား ၃၀ ကျော်သေဆုံးပြီး တပ်မ ၄၄ တပ်မမှူးဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် ၃၀ ကျော်ဒဏ်ရာရ

D Day News

ဧပြီလ ၂၂

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် တက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် ၃ စီး၊ ပွိုင့်ဖိုက်သေနတ် တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက်နေ့က မြဝတီမြို့သို့ စစ်ကူပေးရန် ကော့ကရိတ်မြို့ဘက်မှ ထိုးစစ်ဆင် လာသော အ ကြမ်းဖက်စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ်ကြီး (၁) ဦး နှင့် ဗိုလ်လေး (၁) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံ တား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းကာ သွားရောက် တိုက်ခိုက် ခဲ့ရာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာ ယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံ တော် အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံ ဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ် ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကျဲ ပစ်ခတ်လျက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

 

ကေအဲယူန်ယူ – တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ရန် နေရာအနံ့ နေ့စဥ် နှင့်အမျှ နှစ်ဖက် တိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အများ အပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စစ်ရေးအရ ရှုံးနှိမ့်နေသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများနှင့် လေယာဉ်တို့ကိုအားကိုးကာ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာများသို့ ရမ်းသမ်း၍သော်လည်ကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်ကောင်း လိုက်လံဗုံးကျဲပစ်ခတ်လျက်ရှိ သဖြင့် ပြည်သူလူထု အိုးအိမ်များ ပျက်စီးဆုံးရှုံးကာ ပြည်သူအမြောက်အများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

Photo – ကော့ကရိတ် မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ် ပစ္စည်းများ။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...