KNU News

KNU News

လှိုင်းဘွဲ့မြို့နယ်၊ ကာတဲကျေးရွာအနီးရှိ တညာကျိုး(ခ)တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ကာတဲကျေးရွာအနီးရှိ တညာကျိုး(ခ)တာလယ် ဗျု ဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၁၃ ရက် ည ၇ နာရီခန့်က ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်(လှိုင်းဘွဲ့)၊ ကာတဲကျေးရွာအနီး ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ် ခလရ−၂၄ နှင့် အမြောက် တပ် အမတ−၃၁၁ တို့ အခြေစိုက်သည့် တညာကျိုး(ခ) တာလယ် ဗျုဟာစခန်း ကို တပ်မဟာ ၇ လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသားကာ ကွယ် ရေးတပ် (K.N.D.O) မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စခန်းသိမ်းတိုပ်ကွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအမြောက်တပ်မှ ဗိုလ် ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူးမှာ ထွက်ပြေး လွတ်မြောက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးလျက်ရှိပြီး စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

တညာကျိုး(တာလယ်) စခန်းကို (၁၉၈၆) ခုနှစ်တွင် မြန်မာစစ်တပ်မှ စတင်တည်ဆောက်ခဲ့ပြီး ၎င်း တို့ စတင်တည်ဆောက်သည့် အချိန်မှစ၍ အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရကြောင်း၊ ၎င်းစခန်းအား ပြန် လည် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနီးအနားရှိကျေးရွာများအနေဖြင့် မူလအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မည်ဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ − တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းအား သိမ်းပိုက်ရရှိမှုမြင်ကွင်းများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၆   ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေး နေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီး သေဆုံးသွားကြောင်း Phonex...