KNU News

KNU News

ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထားဝယ်အထူးစီးပွားရေးဇုံတို့တွင် စစ်ကောင်စီက ရုရှား နည်းပညာဖြင့် အနုမြူဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်သဖြင့် ထိုင်းပြည်သူများ၏ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်း KNU ဗဟိုထုတ်ပြန်အသိပေး

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထားဝယ်အထူးစီးပွားရေးဇုံတို့တွင် စစ်ကောင်စီက ရုရှား နည်းပညာဖြင့် အနုမြူဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်သဖြင့် ထိုင်းပြည်သူများ၏ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်း KNU ဗဟိုထုတ်ပြန်အသိပေးထုတ်ပြန်သည်။

 

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က သတင်းမီဒီယာမှ တဆင့် ဖော်ပြခဲ့သည့် မြန်မာ စစ်အာဏာရှင်အစိုး ရက ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူ ဓါတ် အားပေး စက်ရုံ တစ်ခု တည်ဆောက်မည့် သတင်းကြောင့် ကျွန်ုပ်တို့၏ပြည်သူများနှင့် ထိုင်း နိုင်ငံပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှု နှင့် ကောင်းမွန်သောဘဝ နေထိုင်မှုအ တွက် အလွန် စိုးရိမ်ပူပန်မိပါကြောင်း KNU ဗဟိုက ပြော ဆို ထားသည်။

 

လက်ရှိအနေအထားတွင် တည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်း နှင့် ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီး ပွားရေးဇုန်တို့တွင် ဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး၏ မြိတ်-ထားဝယ်ခရိုင် နယ်မြေကို မြန်မာစစ်တပ်က ၁၉၉၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခများနှင့် ဒေသခံပြည်သူများ၏ နေ ရပ်ရွှေ့ပြောင်းရခြင်းများ ဖြစ် ပေါ်စေခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဒေ သခံပြည်သူများ၏ လုံခြုံရေးအား အာမခံချက်ရှိစေရန် မြိတ် – ထားဝယ်ဒေသရှိ ထီးခီး စစ်အခြေစိုက် စခန်းကို ပြန်လည်ထိန်းချုပ်ခြင်းသည် မဖြစ်မနေလိုအပ်သည်ဟုကေအန်ယူတပ်မဟာ ၄ ကယုံကြည် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြည်သူများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် မြန်မာ့စစ်တပ်၏အကြမ်းဖက်မှုများမှ လွတ်မြောက် စေရန်အတွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် ကြောင်း ဆက်လက်ဖော်ပြထားသည်။

 

KNU နှင့် အကြမ်းဖက်စစ်ကောင်စီကြား စစ်ရေးတင်းမာမှု အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နိုင်ချေ နှင့် နောက်ဆွဲတွဲ အကျိုးသက်ရောက်မှုများအား လေးနက်စွာ သုံးသပ်ခဲ့ပြီး ထိခိုက်နိုင် ချေများအား လျှော့ချနိုင်မည့် နည်းလမ်းများအား အစွမ်းကုန်စီမံခဲ့ကြောင်း အသိပေးထားသည်။

 

KNU အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလအတွင်း ထိုင်းပြည်သူများနှင့် သဟဇာတဖြစ်စွာ နေထိုင် ခဲ့ကြသကဲ့သို့ နောင်အနာဂါတ်တွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်း ကောင်းပီ သစွာ နေထိုင်ရန် အသင့်ဖြစ်သည်ဟု ကတိကဝတ်ပြုကြောင်း၊ ထိုင်းနိုင်ငံနှင့် ထာဝရ ငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေး သဘောထားအပေါ် ရပ်တည်ကြောင်းနှင့် ထိုင်း ပြည်သူများထံမှ နားလည်မှုကို မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို NUG နှင့် NUCC ပူးပေါင်းတိုက်တွန်း   သံလွင်မြန်မာသတင်း မေလ ၁၁   ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို...