KNU News

KNU News

မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသနေ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်

 

သံလွင်မြန်မာသတင်း

မေလ ၉

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာ ဌာနချုပ်ဟောင်းတည်ရှိရာ ထီးခီးဒေသနေ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုကအသိပေး ထုတ်ပြန်သည်။

 

ဧပြီလ ၁၉ ရက်နေ့က မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်ဟောင်း တည်ရှိ ရာ ထီးခီးဒေသရှိ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကိုလည်းကောင်း၊ ယနေ့ မေလ ၉ ရက်နံနက် ၉ နာရီအချိန်တွင် ထီးခီးဗျူဟာစခန်းကိုလည်းကောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ် ရေး တပ်ဖွဲ့ (K.N.D.O) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များမှ အလုံးစုံ သိမ်းပိုက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထီးခီးဒေသတွင် မြိတ်−ထားဝယ်ခရိုင်၏ ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် တည်ဆောက်ရန် ၁၉၇၄ ခုနှစ်တွင် စတင် စီစဉ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ ထီးခီးဒေသတွင် ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် ရုံးများ တည်ရှိပြီး ထီးထာ၌ ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် တွင် တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ခဲ့ကြကြောင်း သိရသည်။

 

၁၉၉၇ ခုနှစ် အရောက်တွင် မြန်မာ့တပ်မတော် တပ်မ ၅၅ နှင့် တပ်မ ၆၆ ဦးဆောင်သော တပ်ရင်း ၂၀ ခန့်မှ မေဂျာအော်ပရေးရှင်း အနေဖြင့် ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၇ ခုနှစ်တွင် ထီးခီးဒေသအား လက်လွှတ်ခဲ့ရကြောင်း KNU က ပြောဆိုသည်။

 

လက်ရှိအချိန်တွင် မိမိတို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်လွှတ်ခဲ့ရသော ထီးခီးဒေသအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ဒေသတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ် များ ကာကွယ်ရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓါတ်ပုံ − ထီးထဗျူဟာစခန်း နှင့် ထီးခီး ဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် K.N.L.A ၊ K.N.D.O ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...