KNU News

KNU News

မူတြော်ခရိုင်တွင် ဧပြီလအတွင်း တိုက်ပဲပေါင်း ၁၃၉ ကြိမ်ဖြစ်ပြီး ဗိုလ်မှူး ၂ ဦးအပါအဝင် ၃၉ ဦး သေဆုံး၊ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၆

 

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း၌ ဧပြီလအတွင်း တိုက်ပဲပေါင်း ၁၃၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၃၉ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက်န့မှ ၃၀ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ မူတြော်ခရိုင်အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် ၅ တပ်မဟာ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြီး၊တိုက်ပွဲငယ်စုစုပေါင်း ၁၃၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်းအာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့် ၂ ဦး၊ တပ် ကြပ်ကြီး အဆင့် ၁ ဦးအပါအဝင် ၃၉ ဦး သေဆုံးကာ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၅၅ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုနေထိုင်သည့် အဆောက်အဦး ၉ လုံး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးဖြင့် ၇ ကြိမ် နှင့် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၄ လုံး ကြဲချ တိုက်ခိုက် ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံး ခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် မှုတို့ကြောင့် အရပ်သားပြည်သူလူထုများ လုပ်ကိုင်စားသောက်ရာနေရာများလည်း ထိခိုက်ပျက်စီးခဲ့ ရပြီး စိုးရိမ် ထိတ်လန့်မှုများစွာဖြင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

ဖားကန့် -နန့်ယား-ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၁၉   ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန် နေပြီး စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက...