KNU News

KNU News

KNU – မူးနှင့်ဆောထိမြို့နယ်တို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ဖြင့် ဗုံးကျဲပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နေ အိမ် ၄ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

ကေအဲန်ယူ−ကရင်အမျိုး သားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး မြိုန့ယ် နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး တို့ဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် လူနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက်နံနက် ၁၁ နာရီခန့်က ကေအဲန်ယူ−မူးမြို့နယ် စီမံအုပ်ချုပ်နယ်မြေတွင်းရှိ နိုကလော်၊ တောင်စုအရှေ့၊ တောင်စု အနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်၊ ရွာကြီးအင်း စသည့်ကျေးရွာများ အတွင်းသို့ အာ ဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ရွာကြီးအင်း ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုသိန်းဇော်ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကညင်တိုင်းကျေးရွာသို့ လေယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ဒေါ်ခိုင်ဝင်း၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းနှင့် အသက် ၄၈ နှစ်အရွယ် ဦးစိန်ရန်တို့ထိခိုက်သေဆုံးပြီး အသက် ၁ နှစ် ၈ အရွယ် မမေသီရိထွန်း ၊ အသက် ၃၅ နှစ်အရွယ်  ဦး အောင်မျိုးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၈ ရက်နေ့တွင် ကေအဲန်ယူ−ဆောထိမြို့နယ် ၊ ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေထောက် နှင့် သရက်သမိန် နေရာ များအတွင်းသို့ စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာ သရက်သမိန် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ခလယ်လွီထူခရိုင်အတွင်းရှိ အပြစ်မဲ့အ‌ရပ်သားပြည်သူ များ နေထိုင်ရာနေရာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ လေယာဥ်၊ လက်နက်ကြီး အ မျိုးမျိုး နှင့် ဒရုန်းများ အသုံးပြုကာ နေ့စဥ်နေ့တိုင်းနီးပါ ပစ်ခတ်လျက်ရှိသောကြောင့် အပြစ်မဲ့အရပ် သားပြည်သူများမှာ စိုးရိမ်ကြောက်ရွံမှု များစွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း မေလ ၂၃   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်...