KNU News

KNU News

စစ်ကောင်စီမှ ရက် ၂၀ ကြာအပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေငြာသော်ငြားလည်း အရပ်သား ပြည်သူများ နေထိုင်ရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

စစ်ကောင်စီမှ ရက် ၂၀ ကြာအပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေငြာသော်ငြားလည်း အရပ်သား ပြည်သူများ နေထိုင်ရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၂ ရက်နေ့ ညနေ ၅ နာရီတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၀ နှင့် ခမရ ၄၄၀ တို့မှ ခလယ်လွီထူခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဧပြီလ ၃ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်ကလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၁ တပ်ရင်းမှ ခလယ်လွီထူခရိုင်၊ မူး(မုန်း) မြို့နယ်၊ ဟောခို့ဂေါ် (ငထွေစုပ်) ကျေးရွာအတွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ငထွေစုပ်ကျေးရွာနေ အသက် ၂၄ နှစ်ရွယ် နော်ခူခူ ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ကြေငြာ ခဲ့သော်လည်း လူသားဆန်ခြင်းမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိကြောင်း နှင့် အပြောနှင့်အလုပ် လက်တွေ့ မကိုက်ညီသည်ကို ထင်ရှားစွာသိနိုင်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများ အင်အားပြင်းသဘာဝဘေး မြေ ငလျင်ဒဏ်ခံစားနေရသည့် အချိန်တွင်လည်း လေယာဉ်များ၊ ဒရုန်းများဖြင့် အစဉ် ရပ်တန့်ခြင်းမရှိ ဗုံးကြဲနေခဲ့ပြီး ယခုအခါယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းထုတ်ပြန်ပါသည်ဟူသော ဟန်ပြ ထုတ်ပြန်ချက်အား ကြေငြာ၍ အရပ်သားပြည်သူများရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်များ အစဉ်ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ ငလျင်ဘေးသာမကာ လက်နက်ကြီးနှင့်လေ ကြောင်း တိုက်ခိုက်မှုများကြား စိုးထိတ်စွာနေထိုင်နေရမြဲဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီမှ ယာယီအပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထုတ်ပြန်ချက်သည် လက်ရှိဘန်ကောက်တွင် ကျင်းပလျက်ရှိသည့် ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကာ နိုင်ငံတကာ အသိအမှတ်ပြုမှုခြင်းအား လက် ခံရန် အတွက် ကြိုးစားချဉ်းကပ်နေခြင်းနှင့် ၎င်းတို့အာဏာတည်မြဲရေးအတွက်သာရှေးရှုနေခြင်းသာ ဖြစ်ကြောင် ထုတ်ပြန်ထားသည်။

Photo – စစ်ကောင်စီသည်ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်အပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုံရိပ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...