KNU News

KNU News

ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုး မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ကျုံဒိုး မြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိဇ္ဇာကုန်းကျေးရွာ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် စကခ−၁၂ လက် အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ဝိဇ္ဇာကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့ရာ ယင်းကျေးရွာနေ အသက် ၅၇ နှစ် အရွယ်ရှိ အမျိုးသမီး ၁ ဦးမှာ နှလုံးဖောက်ကာ နောက် ပြန်လဲကျသွား၍ အုတ်ခုံနှင့် ထိခိုက်မိသည့် နှောက်စေ့ ဒဏ် ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရ သည်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးတွင်ရှိသော ပြည်သူလူထုများမှ စစ် ဘေးစစ်ဒဏ်များကြောင့် သော်လည်းကောင်း၊ သဘာဝ ဘေးဒဏ်များကြောင့် သော်လည်းကောင်း အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒုက္ခရောက်နေချိန်တွင် လူသားခြင်း စာနာထောက်ထားမှု မရှိပဲ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိနေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ သော အမျိုးသမီးနှင့် လက်နက်ကြီး ကျည် အပိုင်းအစများ။

Thanlwin Myanmar Meida

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...