KNU News

KNU News

ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်နှင့် ဂိုဒေါင်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၁ လုံးနှင့် ဂိုဒေါင် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မတ်လ ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ကကော့ကရိတ် မြို့နယ်၊ တဘလုခို့ခီးကျေးရွာ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အပြစ်မဲ့ အရပ်သားပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထား ကာရည်ရွယ်ချက်ရှိရှိဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ နေပြည်တော် လေ တပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် လာရောက် ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲမှုကြောင့် တဘလုခို့ခီးကျေးရွာနေ အသက် ၃၆ နှစ် နှင့် ၃၀ အရွယ် အရွယ် အမျိုးသား ၂ ဦး ဆိုးရွားစွာ ထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး နှင့် ဂိုဒေါင် ၁ လုံးပါ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။

 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက် အ ဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများ နေ ထိုင်သည့် နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံဗုံးကြဲပစ်ခတ်လျက်ရှိ ကြောင်း သိရသည်။

Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရ သောပြည်သူများ နှင့် ပြည်သူပိုင်အဆောက်အဦးများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...