KNU News

KNU News

ဆောထိမြို့နယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး စာသင်ကျောင်းနှင့် နေအိမ် ၂ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၉

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆော ထိမြို့နယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံ က သိရသည်။

 

မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ဆောထိမြို့နယ်၊ သက်တူးကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကျဲတိုက်ခိုက်ခဲ့ရာ သက်တူးကုန်းကျေးရွာနေ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ဒဏ် ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးနှင့် ကျေးရွာစာသင်ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၅၄ မိနစ်ကလည်း ဆောထိမြို့နယ်၊ ကညင်ကျွန်း ကျေး ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၃ လုံး ပစ် ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ပစ်မှတ်ထား၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသောကြောင့် ခလယ်လွီထူခရိုင်အတွင်းနေထိုင်ကြသော အပြစ်မဲ့အရပ်သား ပြည်သူ များမှာ အသက်ရှင်သန်ရေးအတွက် စိုးရိမ်ကြောက်ရွံ့ မှုများစွာဖြင့် ရုန်ကန်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့်ထိခိုက် ပျက်စီးမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...