KNU News

KNU News

ဆောထိမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်က ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး PDF တစ်ဦးဖြစ်သည်ဟု ဝါဒဖြန့်

 

D Day News

ဧပြီလ ၁၆

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ် ကောက်ကွေ့ကျေးရွာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ကောက်ကွေ့ရွာအနီးတွင် အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့မှ အသက် ၃၃ နှစ်အရွယ် ကိုဇော်ဝင်းမြင့်ကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးခေါင်း ပွင့်ဒဏ်ရာ၊ ဘယ်ဘက်ရင်အုံတွင် ကျည်ထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကိုဇော်ဝင်းမြင့်က ရေဖြူကန်ရွာတွင်နေတယ်၊ သူကအရက်အသောက်များပြီး တစ်ခါတလေ စိတ်မူမမှန်ဘူး၊ ကောက်ကွေ့ရွာအသွား အာဏာသိမ်းစစ်တပ် လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ပစ်သတ်ခဲ့တာပါ” ရေဖြူကန်ရွာနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ ကိုဇော်ဝင်းမြင့်သည် PDF တစ်ဦးဖြစ်ပြီး ၎င်းထံမှ နင်းမိုင်း ၁ လုံး MA 22 ကျည် ၁၆ တောင့်နှင့် ပျောက်ကျားဘောင်းဘီ ၁ ထည် ရရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ ဝင်များ ထိခိုက်မှု မရှိဟု  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်အား အားပေးထောက်ခံသော Telegram channel များတွင် ဝါဒဖြန့်ထားသည်ကို တွေ့ရှိရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...