ဘီးလင်းမြို့နယ်၊ မယ်ပရိဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ဗျူဟာ မှူး၊ တပ်ရင်းမှူးအပါအဝင် စစ်သား ၂၉ ဦးအရှင်မိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မယ်ပရိ ဗျူဟာစခန်းကိုတ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဗျူဟာမှူး ၊ တပ်ရင်းမှူးအပါအဝင် ၂၉ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရ သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေ ၊ ဘီး လင်းမြို့နယ်၊ မယ်ပရိ ဗျူဟာ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ဗျူဟာမှူး၊ တပ်ရင်းမှူး ၊ G2 အပါအဝင် ၂၉ ဦး အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် ဟောင်ဝှစ်ဇာလက် နက် ကြီး အပါအဝင် လက်နက်ခဲယမ်းလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီလ ၁ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လအကြာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်း သိမ်း တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုအပြင် လေကြောင်း စစ်ကူများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် မဲပလီခီးကျေးရွာအုပ်စုနှင့် (အီးစူခီး)အစူးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာမှ ဒေသနေပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရပြီး နေအိမ် ၆ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
သိမ်းပိုက်ရရှိခဲ့သော မဲပလီစခန်းတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၀၅ အခြေချတပ်စွဲ ထား ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media