KNU News

KNU News

KNU အုပ်ချုပ်နယ်မြေအတွင်း၌ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၂၀၀ ကျော်ဖြစ်ပြီး စစ်သား ၃၁၀၀ ကျော်သေဆုံး ၊ ဗျူဟာမှူးအဆင့်မှ တပ်သားအထိ ရာနှင့်ချီကာ ဖမ်းဆီးရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၆

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း၌ ၂၀၂၄ ခုနှစ် အတွင်း တိုက်ပွဲပေါင်း ၃၂၀၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၃၁၀၀ ကျော်သေဆုံးခဲ့ပြီး ဗျူဟာ မှူး အဆင့်မှ တပ်သားအထိ ရာနှင့်ချီကာ ဖမ်းဆီးရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ KNU အုပ်ချုပ်နယ်မြေ အတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင် အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါ အ ဝင် တပ်သာ (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့် အပြင် ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ရာနှင့်ချီကာ ဖမ်းဆီးရရှိခဲ့ ကြောင်း သိရ သည်။

 

၂၀၂၄ ခုနှစ် တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်း တပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သော ရဲဘော် (၁၀၀) ဦးခန့် မှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများမှာ တပ်မဟာ ၁ တွင် တိုက်ပွဲပေါင်း ၂၆၈ ကြိမ်ဖြစ်ပြီး စစ်သား ၂၃၅ ဦး သေဆုံး ကာ ၂၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မမဟာ ၂ တွင် တိုက်ပွဲ ၃၆၁ ကြိမ် ဖြစ်ကာ စစ်သား ၄၄၇ ဦး သေဆုံးပြီး ၄၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မဟာ ၃ တွင် တိုက်ပွဲပေါင်း ၇၅၁ ကြိမ်ဖြစ်ပြီး စစ်သား ၉၉၁ ဦးသေဆုံးကာ ၆၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မဟာ ၄ တွင် တိုက်ပွဲ ပေါင်း ၁၆၉ ကြိမ်ဖြစ်ကာ စစ်သား ၂၈၈ ဦးသေဆုံးခဲ့ပြီး ၂၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ ၅ တွင် တိုက်ပွဲပေါင်း ၉၄၇ ကြိမ်ဖြစ်ကာ စစ်သား ၅၉၆ ဦးသေဆုံးပြီး ၂၄၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တပ်မဟာ ၆ တွင် တိုက်ပွဲပါင်း ၃၈၀ ကြိမ်ဖြစ်ပြီး စစ်သား ၄၉၅ ဦး သေဆုံး ကာ ၃၈၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မဟာ ၇ တွင် တိုက်ပွဲ ၃၅၃ ကြိမ်ဖြစ်ပြီး စစ်သား ၈၄ ဦး သေဆုံးကာ ၄၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...