KNU News

KNU News

ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကနေစခန်းကနေ ထွက်ပြေးသွားတဲ့ အကြမ်း ဖက်စစ်သား တွေ ကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာလ ၂၂ နေ့က ဖာပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် စကခ ၈ လက် အောက်ခံ ခမရ ၄၀၄ ၊ ၄၀၇ နဲ့ ၄၀၈ တပ်ရင်းတွေက စစ်သားတွေ ပူးပေါင်းအထိုင်ချထားတဲ့ ဖာပွန် မြို့အထွက် မထောစခန်းကို KNLA-ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်း မဟာ မိတ်စစ်သည်တော်တွေက အပြီးသတ် တိုက်ခိုက်ရှင်းလင်းခဲ့တာပါ။

တိုက်ခိုက်ခံလင်းခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ ၎င်းတို့ရဲ့တောင်ဘက်မှာရှိတဲ့ ကစယ်သဲ ဖလယ် (တောင်းသုံးလုံး) နဲ့ ထွီသီးအူ(ခွေးသေ)ဘက်ကို တပ်ဆုတ်ထွက်ပြေးတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လမ်းခုလတ်ကနေ အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထပ်မံသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒဏ်ရာအကြမ်းဖက်စစ်သားတွေကို အထုပ်တွေနဲ့ ထမ်းပိုးသယ်ဆောင်သွားတာ မြေပြင်သတင်းအရ တည်ပြုနိုင်တယ်လို့လည်း မူတြော်သတင်းစဉ်က ပြောပါတယ်။

 

တိုက်ပွဲနှစ်ကြိမ်အတွင်းမှာ အကြမ်းဖက်စစ်သားတွေ အသုံးပြုတဲ့ RPG-7 အမျိုးအစား သေနတ် ၁ လက် ၊ ၎င်းကျည်ဖူး ၃၈ လုံး၊ ၈၁ မမ လက်နက်ကြီး ၁ လက် ၊  ၎င်းကျည် ၆ လုံး၊ MA-1 အမျိုးအစား သေနတ် ၉ လက်၊ MA-2 အမျိုးအစား သေနတ် ၄ လက်၊ MA-3 အမျိုးအစား သေနတ် ၄ လက်၊ MA-4 အမျိုးအစား သေနတ် ၂ လက်၊ ငါးမြီးစက်လတ် ၁ လက်၊ ၆ ၀မမ ပြောင်းရှည် ၂ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ရှေ့ထွက်မြေမြှုပ်မိုင်း ၃ လုံး၊ ၆၀ မမ ကျည် ၁၂၃ လုံး၊ G-3 ကျည် အတောင့် ၆၀၀၀ ၊ ဟွန်ဒါမီးစက် ၁ လုံး၊ ခွင်းဗုံး ၅၃ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနဲ့ စားသုံး ဆီ ၂ ပုလင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Than Lwin Myanmar

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...