KNU News

KNU News

သင်္ဃန်းညီနောင်တွင် ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးကို ဗျူဟာစခန်းကုန်း၌ တွေ့ရှိ (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ် သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ် ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို သိမ်းပိုက်ရရှိသော စစ်ကောင်စီ၏ ဗျူ ဟာစခန်းကုန်းအတွင်းမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီ နောင်တွင်ရှိ ခမရ ၃၅၅ အကြမ်းဖက်စစ်တပ်စခန်းများကို လာရောက်သည့် အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ် ၂ စီး အနက် တစ်စီးကို ပျက်ကျသည်အထိ ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

 

https://youtu.be/dZBb5hWQrUc

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုအတွင်း အကြမ်းဖက်စစ်ကောင်စီတ် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူး ချုပ်အေးမင်းနောင်အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက် ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယခုတွေ့ရှိသည့် ရဟတ်ယာဉ်သည် Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးဖြစ်ပြီး ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိကြောင်း သိရသည်။

 

ယခုအခါ သင်္ဃန်းညီနောင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအားလုံးကို ကော်ဘရာစစ် ကြောင်း အပါအဝင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက်မှ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...