KNU News

KNU News

ကော့ကရိတ်မြို့နယ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦး ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဇွန်လ ၁၇ ရက် နံနက် ၇ နာရီမှစတင်၍ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် အကြမ်းဖက် စစ် ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သောတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၁ ရက် နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးကြီး ဝဏ္ဏတိုးအပါအဝင် စစ်သား ၂၁ ဦး ဖမ်းဆီးရရှိခဲ့ပြီး ကျန်အကြမ်းဖက်စစ်သား စစ်ကောင်စီတပ်သား ၁၄ ဦးမှ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

 

အဆိုပါ စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ပြီး စစ်ကောင် စီ တပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်ချကာ အမှန်တရားဘက် ရပ်တည်ရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားထားခဲ့ကြောင်း၊ သို့ရာတွင် လိုက် နာခြင်းမရှိသည့်အတွက် မတ်လ ၃၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ အထိ စနိုက်ပါဖြင့် သော်လည်း ကောင်း ၊ ဒရုန်း ၊ လက်နက်ကြီးဖြင့် သော်လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ ၆၀ မမ (ပြောင်းရှည်) – ၁ လက် ၊ ၆၀ မမ (ပြောင်းတို) – ၁ လက်၊ RPG – 7 – ၁ လက် (ပျက်စီး) ၊ MA-1 – ၁၂ လက် (၄ လက် ပျက်စီး) ၊ MA-2 – ၁၅ လက် (၄ လက် ပျက်စီး) ၊ MA-3 – ၄ လက် (၁ လက် ပျက်စီး) ၊ MA-79 – ၂ လက် ၊ ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး) ၊ ၈၁ မမ ကျည် – ၃၇ လုံး ၊ ၆၀ မမ ကျည် – ၃၉ လုံး ၊ ရှေ့ထွက်မိုင်း (အကြီး) – ၃ လုံး၊ ရှေ့ထွက်မိုင်း (အသေး) – ၂၇ လုံး ၊ နင်းမိုင်း – ၁၁ လုံး ၊ ခွင်းဗုံး – ၁၀ လုံး ၊ တိုက်မိုင်း – ၁၄ လုံး၊ လက် လုပ် သံပိုက်မိုင်း – ၈ လုံး ၊ ဆက်သွယ်ရေး စက်ကြီး – ၂ လုံး ၊ MA-1,2,3,4 ကျည်ဘောက် – ၇၀ ဘောက် ၊ MA-1,2,3,4 ကျည် – ၆၅၀၁ တောင့်၊  ငါးကြင်းမှီး စက်လက် ကျည် – ၇၉၂၃ တောင့် ၊ RPG-7 ကျည် – ၇၇ လုံး ၊ပို့ယမ်း – ၅၄ တောင့် ၊ မိုင်းရှင်းစက် – ၁ ခု ၊ ဒရုန်း အသေး – ၁ စီး၊ Jumper – ၁ ခု ၊ ဆက်သွယ်ရေး စက်အသေး – ၂ လုံး ၊  ဆက်သွယ်ရး (အထိုင်) စက်တိုင် – ၂ ခု ၊ ER ဘောက် – ၁၃၀ ခု

၂၉- ကျည်ကာ ဦးထုပ် – ၈ လုံး စသည့် လက်နက်ခဲယမ်း နှင့် အခြားပစ္စည်းများ ဖြစ်ကြောင်း သိရ သည်။

 

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည် သည့် ဒေါက်တိုင် မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သား များအနေဖြင့် စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် က်ပူးပေါင်းပေးပါရန် K.N.U – ကရင်အမျိုးသားအစည်းအရုံးက ဖိတ်ခေါ်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...