KNU News

KNU News

ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး သာသနာအဆောက်အအုံ ၂ လုံးနှင့် လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီး

 

D Day News

ဇွန်လ ၆

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဒဏ်ရာရရှိပြီး သာသနာအဆောက်အအုံ ၂ လုံး နှင့် လူနေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇွန်လ ၂ ရက် နံနက် ၇ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ၏ အမတ-၃၁၀ တပ်ရင်းနှင့် ခမရ-၂၀၇ တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး လုံးဝပျက်စီး ကာ ကျန်နေအိမ်တစ်လုံးလည်း လက်နက်ကြီးကျည်စထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်တပ်စခန်းတို့မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်တစ်လုံးသည် ခရွဲကျေးနယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျ ရောက် ပေါက်ကွဲပြီး ကိုယ်ဝန် ၆ လ လွယ်ထားသော အမျိုးသမီး၏ ဘယ်ဘက်ခြေဖဝါးကို လက် နက် ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းစခန်းမှ လက်နက်ကြီး ၁၀ လုံးပစ်ခတ်မှုရှိခဲ့ပြီး ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်ရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ် ကွင်းရွှာမှ ဒေသနေပြည်သူများမှာ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ထို့အပြင် သထုံမြို့နယ်အတွင်း၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း၊ လက် နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံးနှင့် သာသနာ့အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇွန်လ ၁ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်က ကေအဲန်ယူ−သထုံမြို့နယ်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်(ဖိုက်တာ)လေယာဥ်ဖြင့် ဗုံးသီးအလုံးရေ ၁၂ ခန့်လုံးကြဲချ တိုက် ခိုက်သည့်အပြင် ပြည်သူလူထု ကြောက်လန့်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေ ၇ နာရီ ၁၅ မိနစ်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ (အမတ-၃၁၄)တပ်ရင်း တပ် စခန်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ရာ ရွှေရောင်ပြကျေးနယ်၊ ရွှေရောင်ပြရွာထိပ်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၃ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ခမရ-၉ တပ်ရင်း တပ်စခန်းမှ လက် နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ချောင်းစောက်ကျေးနယ်၊ ရေဝေရွာထဲသို့ လက်နက်ကြီး ၁ လုံး ကျ ရောက်ပေါက်ကွဲပြီး ရေဝေရွာဘုန်းကြီးကျောင်းဆောင် အဆောက်အဦး ၂ လုံး ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...