KNU News

KNU News

သထုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အသက် ၄ နှစ်မှ ၁၄ နှစ်ကြား ကလေး ၅ ဦးအပါအဝင် ၁၅ ဦးဒဏ်ရာရ၊ နေအိမ်များ ထိခိုက် ပျက်စီးပြီး ပြည်သူ ၄ ထောင် ကျော်ထွက်ပြေးနေရ

 

D Day News

မေလ ၁၆

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အသက် ၄ နှစ်မှ ၁၄ နှစ်ကြား ကလေး ၅ ဦးအပါအဝင် ၁၅ ဦးဒဏ်ရာရ၊ နေအိမ်များ ထိခိုက် ပျက်စီးပြီး ပြည်သူ ၄ ထောင်ကျော်ထွက်ပြေးနေရ KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ကအထိ သထုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် အမတ-၃၁၄ ၊ ခမရ-၉ နှင့် ခလရ-၈ တပ်ရင်း တပ်စခန်းတို့မှ ပြည်သူလူထု နေထိုင်ရာ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြ ကျေးနယ်၊ ဝီယော် ကျေး နယ်၊ ကဒီပုကျေးနယ်နှင့် ဒေါက်ရပ်ကျေးနယ်ရှိ ရွာများအတွင်းနှင့် အနီးအနား တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဦး ဇော်မင်းထွန်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်မြသိန်း၊ ဒေါက်ရပ်ကျေးရွာနေ အသက် ၈၂ နှစ်အရွယ် ဒေါ်ခင်မေ တို့ လက်နက်ကြီး စထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အသက် ၆၂ နှစ်အရွယ် ဦးတင်စိုး၊ အသက် ၁၈ နှစ်အရွယ် စောနေမျိုးအောင်၊ အဝန်းကြီး ကျေး ရွာနေ အသက် ၁၁ နှစ်အရွယ် နော်ဖြူဖြူအေး၊ အသက် ၄ နှစ်အရွယ် နော်ချစ်ချစ်ဖိုး၊ အသက် ၅ နှစ်အရွယ် နော်စေးဝါး၊ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးပု၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ပန်းပို၊ အ သက် ၇ နှစ်အရွယ် နော်စုစန္ဒာ ၊ အသက် ၁၂ နှစ်အရွယ် ခွန်ဝီရအောင် ၊ အသက် ၆၂ နှစ်အရွယ် ဒေါ် ဌေးအောင် ၊ အသက် ၂၁ နှစ်အရွယ် ခွန်စည်သူလွင် ၊ အသက် ၅၀ အရွယ် ဒေါ်စိန်စိန် ၊ အသက် ၇၃ နှစ်အရွယ် ဦးမောင်ကြီး၊ ရွှေရောင်ပြကျေးရွာနေ အသက် ၁၄ နှစ်အရွယ် နော်မေသဇင်နှင့် အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်လေးလလွယ်ထားရသူ နော်စုခိုင်ဝင်း တို့ လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဝန်းကြီးရွာရှိ အိမ်ခြေ (၁၆၁)လုံးမှ ပြည်သူ (၈၇၆)ဦး၊ ဇီးဝန်းရွာရှိ အိမ်ခြေ (၁၃၇)လုံးမှ ပြည်သူ (၈၇၆)ဦး၊ ရွှေရောင်ပြရွာရှိ အိမ်ခြေ (၁၇၅)လုံးမှ ပြည်သူ (၁၁၁၉)ဦး၊ ဒေါင်းရွာရှိ အိမ်ခြေ (၄၃)လုံးမှ ပြည်သူ (၁၉၈)ဦး၊ ပန်းအောင်ကုန်းရွာရှိ အိမ်ခြေ အလုံး (၃၀) မှ ပြည်သူ (၁၄၆)ဦး၊ ခလောက်အင်းရွာရှိ အိမ်ခြေ (၁၀၃)လုံးမှ ပြည်သူ (၄၉၁)ဦး၊ မရမ်းကုန်း ရွာရှိ အိမ်ခြေ (၇၇)လုံးမှ ပြည်သူ (၄၁၈)ဦးနှင့် မိချောင်းအိုင်ရွာရှိ အိမ်ခြေ (၈၁)လုံးမှ ပြည်သူ (၄၅၄) ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ် (အမတ-၃၁၄) တပ်ရင်း တပ်စခန်းမှာ ဇီးဝန်းရွာ အနောက်ဘက် ဒေသအခေါ်ဝေါ်(ထီးဖိုးညလိ ကဇိုင်း)တွင် တပ်စွဲထားကာ (ခမရ-၉)တပ်ရင်း တပ်စခန်းမှာ ဝင်းပ ကျေးရွာအနီးတပ်စွဲထားကြောင်း၊ (ခလရ-၈)တပ်ရင်း တပ်စခန်းသည် ဘီးလင်းမြို့ ရပ်ကွပ်(၈)တွင် တပ်စွဲထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...