KNU News

KNU News

KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း ၁၇၅ ကြိမ်ဖြစ်ပြီး စစ်သား ၆၄ ဦး သေ ဆုံး၊ စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိ

 

D Day News

မေလ ၆

 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း ၁၇၅ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆၄ ဦး သေဆုံးကာစစ်တပ် စခန်း နေရာ ၅ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၅ နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်း ဖက်စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၄ ဦး သေဆုံးကာ ၃၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

ထို့ပြင် ဧပြီလအတွင်း ပိတ်ဆို့ခံထားရသော အကြမ်းဖက် စစ်တပ်စခန်းများဖြစသည့် သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနှင့် မယ်ဝေဘလယ်ကျိုးစခန်းများကို စစ်တပ်က စွန့်ခွာ သွားခဲ့သဖြင့် ရှင်းလင်းကာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများနှင့် အသက် မွေး ဝမ်းကျောင်းပြုရာလယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေ ယာဥ်ဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူပိုင်ဥစ္စာပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး အကြိမ်ကြိမ် တပ်ပြန်လန်ကျနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့မှ အာရှလမ်းမကြီးပေါ်သို့ တက်လောသော...