KNU News

KNU News

ဖာပွန်မြို့နယ်ရှိ ခလရ ၁၉ တပ်ရင်းကို တိုက်ခိုက်မှု တပ်ရင်းမှူးအပါအဝင် ၆ ဦး ဒဏ်ရာရ ၊ စစ်တပ် က ပြည်သူလူထုနေထိုင်ရာကျေးရွာအတွင်းသို့ တိုက်လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ၁၃ နှစ် အရွယ် ကလေးတစ်ဦးဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

 

D Day News

မတ်လ ၂၆

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၁၉ တပ်ရင်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် စစ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မူတြော်သတင်းစဉ် က ထုတ်ပြန်သည်။

 

ယမန်နေ့ မတ်လ ၂၅ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်က KNU/KNLA အမှတ် ၅ တပ်မဟာ၊ ဖာပွန်မြို့နယ်၊ ကူးဆိပ်နှင့် ငါးအိမ်စုကြားရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၁၉ တပ်ရင်းကို KNLA-အမှတ် ၅ တပ်မဟာ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အတည်ပြနိုင်ခြင်းမရှိကြောင်း သိရသည်။

 

ထို့နောက် နံနက် ၈ နာရီ မိနစ် ၂၀ အချိန် ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ထပ်မံဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အလားတူ မတ်လ ၂၄ ရက် ညနေ ၃ နာရီခန့်တွင် KNLA-အမှတ် ၅ တပ်မဟာနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၉ တပ်ရင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး အပါအဝင် စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ၁၂ မိနစ်တွင်ဘူးသိုမြို့နယ်၊ မယ်ညုကျေး ရွာအုပ်စုအတွင်းရှိ ကလောထာကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်သားများက ဒရုန်းဖြင့် ဗုံးသီးများကျဲချခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆက်လက်၍ မယ်ညုထား ကျေးရွာ အတွင်း သို့ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ထပ်မံကျဲချခဲ့ရာ အိမ် ၇ လုံးနှင့် အိမ်ထောင်ပရိဘောဂများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မတ်လ ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်မှစတင်ကာမတ်လ ၂၅ ရက် နံနက် ၇ နာရီ မိနစ် ၅၀ အချိန်အထိ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ နီးဒိုထာ၊ တာဒိုထာနှင့် ထူမောဒဲကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေဖြင့် ဗုံးသီး ၁၅ လုံး၊ ဒရုန်းဖြင့် ဗုံး သီး ၂၅၃ လုံးကျဲချခဲ့ရာ ထိခိုက်ပျက်စီးမှု အတိအကျ သိရှိရန် စုံစမ်းနေဆဲဖြစ်ကြောင်း မူတြော်သတင်း စဉ်က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသော ပြည်သူများကို ဆန်များထောက်ပံ့မှု

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...