မူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ကျေးရွာပေါင်း ၅၇ ရွာမှ နေအိမ် ၁၄ လုံး ရေထဲမျောပါ ပျက်စီး၊ စာသင်ကျောင်း ၁၈ ကျောင်း ပိတ်ပစ်လိုက်ရ

မူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ကျေးရွာပေါင်း ၅၇ ရွာမှ နေအိမ် ၁၄ လုံး ရေထဲမျောပါ ပျက်စီး၊ စာသင်ကျောင်း ၁၈ ကျောင်း ပိတ်ပစ်လိုက်ရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၄

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်း၍ ရေလွှမ်းမိုးမှုများကြောင့် ကျေးရွာ ပေါင်း ၅၇ ရွာမှ နေအိမ် ၁၄ လုံးရေထဲမျောပါပျက်စီး ဆုံးရှုံးခဲ့ပြီး စာသင်ကျောင်း ၁၈ ကျောင်းလည်း ပိတ်ထားခဲ့ရကြောင်း KNU ၊ ခလယ်လွီထူခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဇူလိုင်လ(၂၃)ရက်နေ့မှ ယခုအချိန်အထိ ရေလွှမ်းမိုးမှုကြောင့် ကျေးရွာစုစုပေါင်း ၅၇ ရွာ ရေနစ် မြုပ်သည့်အပြင် နေအိမ်(၁၄)လုံး ရေထဲသို့ မျောပါသွားခဲ့ကြောင်း၊ ထိုသို့ရေနစ်မြုပ်မှုကြောင့် လယ် စပါး စိုက်ပျိုးသည့် လယ်ဧကစုစုပေါင်း (၄,၂၅၀) ဧက ရေနစ်မြုပ်ခဲ့ရပြီး စာသင်ကျောင်းစုစုပေါင်း (၁၈) ကျောင်း ကျောင်းတက်မရ၍ ကျောင်းပိတ်ခဲ့ရကြောင်း သိရသည်။

ရေနစ်မြုပ်ရသော ကျေးရွာများမှာ (၁)ဝက်တူး၊ (၂)ဝဲကြီးကရင်/ဗမာ၊ (၃)မိတ်ဿလင်၊ (၄)ငထွေစုပ်၊ (၅)ဆေးပုလဲ၊ (၆)ထွနီကုန်း၊ (၇)သပြေကုန်း၊ (၈)သစ်ချဆိပ်၊ (၉)ညောင်ပင်ဆိပ်၊ (၁၀)မြောင်းရိုးကြီး၊ (၁၁)မြွေတွင်း၊ (၁၂)ဆိပ်ခေါင်း၊ (၁၃)ချိုမြောင်၊ (၁၄)ညောင်ပင်သာ၊ (၁၅)ဒိုက်ပုံ၊ (၁၆)နောင်ချို၊ (၁၇) သစ်ခြောက်ပင်၊ (၁၈)ကျောင်းစု၊ (၁၉)စံကုန်း၊ (၂၀)ကျောက်ကြီးပေါက်၊ (၂၁)လေလံကုန်း၊ (၂၂) ရေ လဲကရင်၊ (၂၃)ရေလဲဗမာ၊ (၂၄)ငါးဘတ်အိုင် နှင့် (၂၅)မြပုဂိုး(ဗမာ) တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် (၂၆)မြပုဂိုး(ကရင်)၊ (၂၇)ရွာမကြီး(ကရင်)၊ (၂၈)ရွာမကြီး(ဗမာ)၊ (၂၉)ဝက်တူးအနောက်၊ (၃၀)ရေလဲအနောက်၊ (၃၁)မိဿလင်အနောက်၊ (၃၂)သာယာကုန်း၊ (၃၃)မြောင်းဝလေး၊ (၃၄) သင်္ကန်းပင်၊ (၃၅)တောင်ကြီး၊ (၃၆)ပျဉ်းမပင်၊ (၃၇)ကျီးပင်ပေါက်၊ (၃၈)ဘုရားကုန်း၊ (၃၉)သပြေလ ဟာ၊ (၄၀)အောက်ရွာလေး၊ (၄၁)ခင်နောက်မြှီး၊ (၄၂)မြနီကွင်း၊ (၄၃)လက်တက်ကြီး(ကရင်)၊ (၄၄) လက် တက်ကြီး(ဗမာ)၊ (၄၅)ပုဇွန်မြောင်၊ (၄၆)နယ်နမိတ်၊ (၄၇)ငပျောတော၊ (၄၈)သင်္ဘောကျွန်း၊ (၄၉) ဇီးကုန်းနှင့် (၅၀)တဲစု တို့ပါဝင်ကြောင်း သိရသည်။

အလားတူ (၅၁) ကညင်ဒဲ၊ (၅၂) ဆေးရုံကုန်း၊ (၅၃) နောင်ဘို၊ (၅၄) လေးအိမ်စု၊ (၅၅) ငါးမြစ်ချင်း၊ (၅၆) ခြောက်အိပ်စု၊ (၅၇) သရက်ကုန်း စသည့်ကျေးရွာများလည်း ရေများနစ်မြှုပ်သွားကြောင်း သိရသည်။

လယ်ဧကနစ်မြုပ်သော ကျေးရွာများမှာ (၁)ဝက်တူးကျေးရွာ (၂၂)ဧက၊ (၂)အညာစုကျေးရွာ (၁၂၀) ဧက၊ (၃)ငနွားဆိပ် (၃၀)ဧက၊ (၄)ဝဲကြီး (၁၇၀၀)ဧက၊ (၅)ဆေးပုလဲ(၇၅၀)ဧက၊ (၆) ငထွေစုပ် (၁၂၀) ဧက၊ (၇)မိဿလင်(၃၀)ဧက၊ (၈)သစ်ချဆိပ်(၄၈)ဧက၊ (၉)ငလောက်တက်(၄၅၀)ဧက၊ (၁၀) ဖိုးသောင်းစု(၁၃၀)ဧက၊ (၁၁)တိုင်ပင်(၇၀)ဧက၊ (၁၂)ထွနီကုန်း(၁၈၀)ဧက နှင့် (၁၃)အမှတ်(၁) နယ်မြေရှိ ကျေးရွာပေါင်း(၁၇)ရွာမှ လယ်ဧကစုစုပေါင်း (၆၀၀)ဧက စသည့် လယ်ဧကစုစုပေါင်း (၄,၂၅၀) ဧကသည် ယခုအချိန်အထိ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ကျောင်းပိတ်ထားရသော စာသင်ကျောင်းများမှာ (၁)ဝဲကြီး‌၊ (၂)မိဿလင်၊ (၃)ငထွေစုပ်၊ (၄)ဆေး ပုလဲ၊ (၅) ထွနီကုန်း၊ (၆)သစ်ချဆိပ်၊ (၇)ညောင်ပင်ဆိပ်၊ (၈)မြောင်းရိုးကြီး၊ (၉)မြွေတွင်း၊ (၁၀)ရေလဲ၊ (၁၁)တောင်စု၊ (၁၂)မရမ်းစိန်ကြီး၊ (၁၃)နောင်ချို၊ (၁၄)သစ်ခြောက်ပင်၊ (၁၅)ကျောင်းစု၊ (၁၆)ဇီး ကုန်း၊ (၁၇)ကျောက်ကြီးပေါက်၊ (၁၈)လေလံကုန်း စသည့်ကျောင်းများဖြစ်ပြီး ယင်းကျောင်းများတွင် ကျောင်းဆရာ စုစုပေါင်း (၉၂) ဦးနှင့် ကျောင်းသားစုစုပေါင်း (၁,၄၂၄) ဦးရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျောင်းစုကျေးရွာမှ နေအိမ် (၁၄)လုံး ရေထဲမျော ပါ သွားပြီး အိမ်ရှင်များမှာ (၁)ဇော်မိုက်၊ (၂)ငချိတ်၊ (၃)မင်းထက်သာ၊ (၄)မကြည်စန်း၊ (၅)ကိုကု လား+ မစန်းမာ၊ (၆)ကိုပိန်၊ (၇)ဧရာလေး၊ (၈)ဝေယံနိုင်၊ (၉)နော်မူဒါး၊ (၁၀)ကိုကိုမောင်၊ (၁၁)မျိုး လွင် ထွေး၊ (၁၂)အေးလင်းစိုး၊ (၁၃)စောနေဘလုထူး၊ (၁၄)တီးကိုးဒီ စသည့်နေအိမ်များ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ခလယ်လွီထူခရိုင် မူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများကြောင့် ကျေးရွာများ၊ နေအိမ်များ၊ လယ်ဧကများ နစ်မြုပ်နေသည့် ပုံရိပ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...