KNLA News

KNLA News

ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းမှ တပ်မ ၅၅ ကို အင်အားဖြည့်ရန်လာသည့် တပ်မ ၇၇ စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

မေလ ၁၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျကြောင်းမှ တပ်မ ၅၅ ကို အင်အားဖြည့်ရန်လာ သည့် တပ်မ ၇၇ စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၆ ရက် နေ့တွင် ကော့ကရိတ်မြို့နယ်သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်နေသော တပ်မ ၇၇ မှ အကြမ်းဖက်စစ်သားများသည် ဖောကား ၂ စီးဖြင့် တပ်မ ၅၅ ကို အင်အားဖြည့်တင်းရန် လာရောက်စဉ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို အမှတ်၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocket အဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့သည် အောင်ဇေယျ စစ်ကြောင်းသည် လက်ကျန်အင်အားဖြင့် ထိုးစစ်ဆင်လျက်ရှိ ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ဒေါနတောင်ခြေမှ ရှေ့ဆက်တိုးမရပဲ နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းရာ အရပ် တွင် သတိပြုနေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန်တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန် စစ်ဆေးရေးတိုးဂိတ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန် သည်။ ဩဂုတ်လ ၂၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ...