KNLA News

KNLA News

သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ တိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

D Day News

မေလ ၁၅

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်း များ နှင့် အတူ ဖမ်းမိခဲ့ကြောင်း Thawthikho ထံမှ သိရသည်။

 

မေလ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်က သံတေင်မြို့နယ်၊ တောင်ငူ – သံတောင်လမ်းပေါ်ရှိ ၆ မိုင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ကင်းများနှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ ရှေ့တန်းရဲတော်များ ကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

 

ထို့သို့ တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးသွားသော အကြမ်းဖက်စစ်သား ၂ ဦးကို မေလ ၁၃ ရက်နေ့ တွင် တောင်ငူ -သံတောင် လမ်းပေါ်ရှိ ၆ မိုင်တွင် MA 11 အမျိုးသား သေနတ် ၁ လက်၊ ကျည်အ တောင့် ၃၀၀ ၊ ကျည်ဘောက် ၂ ခုနှင့်အတူ KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

“စစ်ပွဲဖြစ်ပြီးတော့ ထွက်ပြေးသွားတာပေါ့။ နောက်ရက်မှာ ဖမ်းမိခဲ့တာပါ” ဟု KNLA စစ်ရေးသတင်း ရင်းမြစ်က ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...