KNLA News

KNLA News

ကြာအင်းဆိပ်ကြီး၊ တောင်စွန်းစခန်းသို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး၊ စစ်တပ်လေကြောင်း၊ လက်နက်ကြီးများဖြင့် တနေကုန်တိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်း၊ နေအိမ်နှင့် ရာဘာခြံများ မီးလောင်ပျက်စီး

 

D Day News

မေလ ၅

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ တောင်စွန်းစခန်းနှင့် အနန်းကွင်း ဗျူဟာ စခန်းသို့ စစ်ကူလာသော အကြမ်းဖက်စစ်သားများကို လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း ထံမှ သိရသည်။

 

ဧပြီလ ၂၈ ရက် နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ၊ တောင်စွန်းစခန်းကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၃ စစ် ကြောင်းမှ စစ်ကူတက်လာစဉ် လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ၆ ကြိမ်၊ MI 35 ဖြင့် ၂ ကြိမ်၊ ဝဲကလီ အမြောက်တပ်မှ ၁၅၅ မမ ဟောင်ဝစ်ဇာဖြင့် ပစ်ကူများ၊ အနန်းကွင်းဗျူဟာစခန်းမှ ၈၁ မမ ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ဘုန်းကြီးကျောင်းများ၊ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံခဲ့သည့်အပြင် ပြည်သူပိုင်ရာဘာခြံမှာ မီးလောင်ပြင် ဖြစ်သွားခဲ့ကြောင်း သိရ သည်။

 

“လက်ရှိတော့ စခတွေက အနန်းကွင်း ဗျူဟာစခန်းမှာ အင်အားဖြည့်ထားပါတယ်။ ပြည်သူပိုင်ပစ္စည်း ဆုံးရှုံးတာကတော့ ဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေ ပျက်စီးတာတွေရှိပါတယ်။ မီးလောင်ပြင်ဖြစ် တာ ကတော့ ပြည်သူပိုင် ရာဘာခြံတွေပါ” ဟု နဂါးနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီစစ်ကြောင်းနှင့် KNLA တပ်ရင်း ၁၆ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နဂါးနီစစိကြောင်းမှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...