KNLA News

KNLA News

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေ၌ သံချပ်ကာယာဉ်အပါအဝင် စစ်သားအချို့သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၂

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတွင် အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ ယာဉ်အပါအဝင် စစ်ကားအချိ့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ဧပြီလ ၁၁ ရက်နေ့က မြဝတီမြို့စောင့်တပ်ဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၅ တပ် ရင်း ကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ က အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် မြဝတီမြို့ပြန်လည် သိမ်းပိုက်နိုင်ရေး သံချပ်ကာယာဉ်အပါ အဝင် အင်အားအလုံးအရင်းဖြင့် ကော့ကရိတ်မြို့မှ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

 

https://youtu.be/-dlYX3UVgT0

ထိုသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ယာဉ်တန်းနှင့် တပ်သားများကို KNLA ပူးပေါင်း တပ်ဖွဲ့မှ ကော့ကရိတ်မြို့မှစ၍ တိုက်ခိုက်ချေမှုန်းလျက်ရှိရာ အကြမ်းဖက်စစ်သား ရာကျောသေဆုံးခဲ့ ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊  သံချပ်ကာယာဉ်များ၊ စစ်သုံး လက်နက်တင်ယာဉ်များ ထိခိုက်ပျက် ပြန်လည်ပြုပြင်အသုံးပြရသည့် ကားအချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

“KNUဗဟိုကလည်း သတင်းထုတ်ပြန်ထားပြီးသားပဲ။ သံချပ်ကာကားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်ကားတချို့လည်းရတယ်။ မနေ့က ညနေကတော့ ပျက်နေတဲ့ကား ၆ စီးကို ကော်ဘရာစစ်ကြောင်း က ဆွဲသွားတယ်” ဟု PDF တောင် ပိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...