သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၇
အကြမ်းဖက်တပ်က စစ်မှုထမ်းလူငယ်များကို မူးယစ်ဆေးဝါးများကျွေးကာ ရှေ့တန်းစစ်မြေပြင်များ တွင် သက်ရှိစည်းရိုးများအဖြစ် အသုံးချနေကြောင်း KNLA ဗဟိုက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားနေသည့် နိုင်ငံရေးအခင်းအကျင်းနှင့် ဖောက်ပြန် သော စနစ်သည် ပြည်သူလူထုတစ်ရပ်လုံးအား ထာဝရကျွန်ပြုရေးဖြစ်ပြီး ၎င်း၏ အကျိုးစီးပွားနှင့် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ကာကွယ်နိုင်ရန် စစ်တပ်ဖြင့် ကာကွယ်ထားကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်တပ်သည်လည်း ဖက်ဆစ် စစ်တပ်ပီပီ ပြည်သူလူထု တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ် မှု များစွာ ကျူးလွန်သည့် စစ်တပ်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးက စစ်တပ်ကို ရွံ့ရှာမုန်းတီးသဖြင့် စစ်တပ်အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်လိုခြင်းမရှိဟု ဆိုသည်။
ထို့ကြောင့် လက်ရှိ စစ်တပ်အတွင်း ပြုုန်းတီးလာသော အင်အားများကို ပြန်လည်ဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ကာ အတင်းအဓမ္မပေါ်တာဆွဲကာ စစ်သားစုဆောင်းလျက်ရှိ ကြောင်း KNAL ဗဟိုက ပြောကြားသည်။
စုဆောင်းထားသည့် စစ်သားများကိုလည်း မိသားစုဖြင့် ခြိမ်းခြောက်ကာ အကြပ်ကိုင်အရေးယူခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဝါဒမှိုင်းတိုက်ခြင်းတို့ကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိကြောင်း ဆက်လက် ပြောဆိုထားသည်။
ထိုသို့ စုဆောင်းထားသည့် စစ်သားများကို ရှေ့တန်းစစ်မျက်နှာများတွင် အသိစိတ် ကင်းမဲ့စေရန် မူးယစ်ဆေးဝါးများ တိုက်ကျွေးကာ သက်ရှိ စည်းရိုး ခံကတုတ်ပုံစံဖြင့် တိုက်ခိုက်ခိုင်းနေကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်သည် ပြည်သူလူထု သားသမီး များ၏ အသက်တစ်ချောင်းကို ခြံစည်းရိုးတိုင်လောက်ပင် တန်းဖိုးမထားပဲ လူသားဒိုင်းကာအဖြစ် တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေသည်ကို မိဘပြည်သူတစ်ရပ်လုံးသိရှိစေရန် ထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanamar Media