KNLA News

KNLA News

စစ်ရေးသတင်းအချက်အလက်များကို တိုက်ခိုက်ရေးအဖွဲ့များက မထုတ်ပြန်မချင်း ဆိုရှယ်မီဒီယာ ပေါ် မတင်ကြရန် KNLA တပ်မဟာ (၄) ၊ အထူးတပ်ဖွဲ့က မေတ္တာရပ်ခံ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၈

 

စစ်ရေးသတင်းအချက်အလက်များကို တိုက်ခိုက်ရေးအဖွဲ့များက မထုတ်ပြန်မချင်း ဆိုရှယ်မီဒီယာ ပေါ် မတင်ကြရန် KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယခုခေတ်သည် နည်းပညာခေတ် ဖြစ်သည့် အားလျော်စွာ တနေရာတွင် ဖြစ်နေသည့် သတင်းများကို တခြား တနေရာမှ လွယ်ကူ လျင်မြန်စွာ သိရှိနိုင်သော အခြေအနေတွင် ရှိကြောင်း အသိပေးထား သည်။

သတင်းအချက်အလက် ဟူသည် သုံးတတ်ပါက တိုက်ခိုက်ရေးအတွက် အရေးပါသော အစိတ်အပိုင်း တခု ဖြစ်သည့်အတွက် မည်သည့် သတင်းကို မည်အချိန်တွင် မည်မျှလောက် မိမိရန်သူကို ပေးသိ ထားမည် ဆိုသည်မှာလည်း တိုက်ခိုက်ရေး၏ ဗျူဟာ တခု ဖြစ်ကြောင်း ဆက်လက် ပြောဆိုထား သည်။

 

သို့ဖြစ်ပါ၍ စစ်မြေပြင်၊ စစ်ရေးနှင့် ပတ်သက်သော အချက်အလက်များ၊ သတင်းများ၊ ဓာတ်ပုံများကို Facebook, Instagram, TikTok  စသည့် Social Media များတွင် သက်ဆိုင်ရာ တိုက်ခိုက်ရေး အဖွဲ့ များ၏ ပြန်ကြားရေးဌာန သတင်းပေ့များမှ တင်ပြီးမှ တင်ကြပါရန် မေတ္တာ ရပ်ခံထားသည်။

 

သာမန် အရေးမကြီးသော သတင်းအချက်အလက်များ၊ ဓာတ်ပုံများသည် စစ်ရေးအတွက် နစ်နာမှု မရှိ နိုင်သော်လည်း၊ တချို့ သတင်းများကို စစ်ကောင်စီမှ သိသွားပါက တော်လှန်ရေးအတွက် အနှောက် အယှက် ဖြစ်နိုင်သလို ဓာတ်ပုံများတွင် ပါဝင်နေသော မိသားစုဝင်များအတွက်ပါ ထိခိုက်နစ်နာမှုများ ရှိလာနိုင်သောကြောင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ ပန်ကြားရခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...